img.emoticon { padding: 0; margin: 0; border: 0; }

Thursday, May 31, 2012

UCSB JOB Vanc


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်၊    /  ၂ဝ၁၂
၁၃၇၄ခုနှစ်၊  နယုန်လဆန်း        ရက်
( ၂ဝ၁၂ ခုနှစ်၊     မေ     ၂၅    ရက်  )


၁။           ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် လစ်လပ်လျက်ရှိသော အောက်ဖော််ပြပါ ရာထူးအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည် -
                     ရာထူး
လစ်လပ်
                      ပညာအရည်အချင်း
  
 လက်ထောက်မန်နေဂျာ(ငွေစာရင်း)

 ၂ နေရာ
             
             ဝါဏိဇ္ဇဘွဲ့(B.Com)(သို့မဟုတ်)         စာရင်းကိုင်ပညာဘွဲ့ ( B. Act )



၂။         လျှောက်ထားသူသည် -

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ) ၂၂  - ၆ - ၂ဝ၁၂ နေ့တွင် အသက် ၃၅ နှစ် ( ဝန်ထမ်းဖြစ်ပါက အသက်   ၄၀  နှစ် ) ထက်မကျော်လွန်သူ ဖြစ်ရမည်၊
( )   ကျန်းမာရေးကောင်းမွန်ပြီး  ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းမှုရှိသူ ဖြစ်ရမည်။


၃။         လျှောက်လွှာကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ်(၁၇)နေပြည်တော်သို့  ၂၂ -၆ -၂ဝ၁၂ နေ့ အရောက် ပေးပို့ရမည်။ လျှောက်လွှာပေးပို့ရာတွင်လူကိုယ်တိုင်ဖြစ်စေ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အမြန်ချောပို့(သို့မဟုတ် ) မှတ်ပုံတင်စာဖြင့် ဖြစ်စေပေးပို့နိုင်ပါသည်။

၄။         လျှောက်လွှာတွင် ဖေါ်ပြရမည့်အချက်များ၊ ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများ၊ ဝင်ကြေးငွေ ၅၀၀ိ/- ပေးသွင်းရမည့်နည်းလမ်း၊ ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးမှုအတွက် လေ့လာရန်လိုအပ်ချက်များနှင့် စပ်လျဥ်း၍ ဤအဖွဲ့၏                  ၂ - ၁ -၂ဝ၁၂ ရက်စွဲပါစာအမှတ်၊ / ရွေးချယ်ရေး (အဓိက) / ၂ဝ၁၂ ဖြင့် ထုတ်ပြန်ထားသော ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသောရာထူးများအတွက် လျှောက်လွှာတင်သွင်းသူများ လိုက်နာရန် လမ်းညွှန်ချက်    စာစောင်ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။

၂ /သို့
 
၅။         ဝန်ထမ်းများသည မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့် ဌာနအကြီးအကဲမှ တစ်ဆင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ်(၁၇)နေပြည််တော်သို့ ၂၂  - ၆  -၂ဝ၁၂ နေ့ အရောက်ပေးပို့ရမည်။ လျှောက်လွှာတစ်စောင်ကိုဓါတ်ပုံအပိုတစ်ပုံနှင့်အတူဤအဖွဲ့ရုံးနေပြည်တော်သို့ တိုက်ရိုက် ပေးပို့ရမည်။



 
၆။         ရေးဖြေစာမေးပွဲကို နေပြည်တော် တွင်ကျင်းပမည်။ ၁၄ - ၇ -၂၀၁၂ ရက်(စနေနေ့)တွင် မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာများကိုလည်းကောင်း၊ ၁၅ - ၇ -၂၀၁၂ ရက်(တနင်္ဂနွေနေ့)တွင် အင်္ဂလိပ်စာဘာသာကို လည်းကောင်း ဖြေဆိုရမည်။
၇။           ဖြေဆိုခွင့်ကတ်ပြားများကို  ၁၂ - ၇ - ၂ဝ၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ်( ၁၇ ) နေပြည်တော်တွင် ထုတ်ပေးမည်။

၈။         ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဥ်း၍  ပြန်ကြားရေးဝန်ကြီးဌာန၏ သီးခြားစည်းကမ်းချက်များ ရှိပါသဖြင့်  " သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း( ရန်ကုန်ရုံး ) ၊ အမှတ်(၂၁၂)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့           ( တယ်လီဖုန်းအမှတ် - ၀၁ - ၂၀၀၈၁၂ ) " သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ််စုံစမ်းမေးမြန်း နိုင်ပါသည်။

၉။       အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ်(၁၇)နေပြည်တော်( တယ်လီဖုန်းအမှတ် ဝ၆၇ - ၄ဝ၉ဝ၅၂ နှင့် ဝ၆၇ - ၄ဝ၉၄၃ဝ )သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

၁၀။      ဤကြော်ငြာနှင့် လျှောက်လွှာတင်သွင်းသူများလိုက်နာရန်လမ်းညွှန်ချက်စာစောင်ကို ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ Website  များဖြစ်သော ucsb.imis.com.mm နှင့် www.ucsb.gov.mm တွင်လည်း ဖော်ပြထားပါသည်။



၂/သို့
 
 











No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား