img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, May 15, 2012

မြန်မာစာဖြင့် စက္ကူပေါ်၌ ကဲ့သို့ စာရေးနိုင်သည့် မြန်မာလက်ရေးမူစနစ် ကျောက်သင်ပုန်း

မြန်မာနိုင်ငံအတွင်း၌ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွ
င် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ခေတ်မီဆက်သွယ်ရေး နည်းပညာများ စဉ်ဆက်မပြတ် တိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်သည့် မြန်မာစာလက်ရေးမူစနစ်သုံး ကျောက်သင်ပုန်းနှင့် ဘဏ်သုံးစက်ပစ္စည်းများ မိတ်ဆက်ပြသပွဲကို မေ ၁၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် စည်ပင်လမ်းသစ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြပွဲတွင် Unicode Font စနစ်သုံး ကွန်ပျူတာဖြင့် တွဲဖက်အသုံးပြုရသော မြန်မာလက်ရေးမူ ကျောက်သင်ပုန်းသည် မြန်မာပြည်သူများအတွက် အလွန်အသုံးတည့်စေမည့် နည်းပညာသုံး ပစ္စည်းသစ်တစ်မျိုးဖြစ်ပြီး အကျိုးပြုပစ္စည်း တစ်မျိုးလည်းဖြစ်သည်။ မြန်မာလက်ရေးမူစနစ် ကျောက်သင်ပုန်းသည် မိမိကိုယ်မိမိ အလိုအလျောက် လေ့လာသင်ကြားမှုပြုနိုင်ရန်အတွက် စက်ရုပ်ပညာဖြင့် တီထွင်ထားသော ပစ္စည်းဖြစ်သည်။ မိမိလုပ်ငန်းခွင်တွင် မြန်မာစာဖြင့် ရုံးလုပ်ငန်းသုံး စာပေးစာယူပြုလုပ်ရာတွင် အထောက်အကူဖြစ်စေပြီး တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် စက္ကပေါ်၌ စာရေးပြသကဲ့သို့လည်း သုံးစွဲနိုင်သည်။ ၎င်းကျောက်သင်ပုန်းသည် ကွန်ပျူတာရိုက်ရာတွင် မြန်မာလက်ကွက်များအား ကျွမ်းကျင်စွာ အသုံးမပြုနိုင်သူများအတွက် အလွန်အသုံးတည့်စေမည့် နည်းပညာ ပစ္စည်းသစ်တစ်မျိုးဖြစ်သည်။ အဆိုပါ မြန်မာစာလက်ရေးမူစနစ် ကျောက်သင်ပုန်း၏ ရောင်းဈေးမှာ ငွေကျပ် ၁၂၀၀၀၀ ဖြစ်ပြီး မေ၁၂ ရက်မှ ၃၁ ရက်အတွင်း ဝယ်ယူအားပေးသူအား အထူးနှုန်း ငွေကျပ် ၉၆၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည်။ ဘဏ်လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ငွေထုပ်ပိုးစက်၊ နိုင်ငံခြားငွေ အတုအစစ်ခွဲစက်၊ ငွေရေတွက်စက်၊ ငွေရေတွက်စစ်ဆေးစက်နှင့် နိုင်ငံခြားငွေစစ်စက်များကို ရောင်စုံရတနာ ကုမ္ပဏီလီမိတက်မှ မိတ်ဆက်ပြသခြင်းဖြစ်ပြီး အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း -၀၁-၂၄၁၂၈၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူရရှိနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား