နှစ်ပေါင်း ၅ဝ ကျော် သက်တမ်းရှိသည့်
အစိုးရပိုင်အာမခံလုပ်ငန်းအား ပုဂ္ဂလိကသို့
အလုံးစုံလွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသွားမည်မဟုတ်ဟု မြန်မာ့အာမခံ
လုပ်ငန်းကြီး ကြပ်ရေးအဖွဲ့၏အတွင်းရေးမှူး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ထိုသို့
ပုဂ္ဂလိကအား လုပ်ပိုင်
ခွင့်ပေးရာတွင် အာမခံကုမ္ပဏီများ၌ အာမခံထားမည့်သူများ ဆုံးရှုံးနစ်နာ မှုများ
မကြုံတွေ့စေရန်အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ထဲမှ ငွေ
ကြေးချမ်းသာသူများကိုသာ စိစစ်၍ အာမခံကုမ္ပဏီထောင်ခွင့်ပြုသွားမည် ဖြစ်သည်။
အာမခံကုမ္ပဏီထောင်ခွင့် ရရှိသူများအား မြန်မာ့အာမခံလုပ်ငန်း မှ တာဝန်
ယူဆောင်ရွက်လျက်ရှိ သည့် အာမခံအမျိုးအစား (၅၈) မျိုးအနက်မှ အသက်အာမခံ၊
မီးအာမခံ၊ မော်တော်ကား အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံ
မှုအာမခံနှင့် သမာဓိအာမခံစသည့် အာမခံခြောက်မျိုးကိုသာ လုပ်ကိုင်
ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ ကမ္ဘာပေါ်တွင် အာမခံကုမ္ပဏီ
တစ်ခုတည်းရှိသည့် နိုင်ငံများ မှာ မြန်မာ၊ မြောက်ကိုရီးယား၊ ကျူးဘား
သုံးနိုင်ငံသာရှိသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလလယ်မှစ၍ အာမခံ လုပ်ငန်းကို
ပုဂ္ဂလိကလုပ်ကိုင်ခွင့် ပေးရန် စတင်ဆောင်ရွက် ခဲ့ပြီး ပုဂ္ဂလိကကို
လုပ်ကိုင်ခွင့်ပေးရန် အဆင်သင့် ဖြစ်သည့်အတွက် သတင်းထုတ်ပြန်ရခြင်းဖြစ်
ကြောင်း၊ ပုဂ္ဂလိက အာမခံကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးရာတွင် လည်း
ပြည်ပနိုင်ငံခြားကုမ္ပဏီများကို လုပ် ကိုင်ခွင့်ပြုမည်မဟုတ်ဘဲ အရေးကြီး ပြီး
ရှုပ်ထွေးမှုရှိသည့် သူတစ်ပါး ထိခိုက်မှုအာမခံ၊ ဘဏ်ကြိုတင်ငွေ
အာမခံ၊လေကြောင်း ဆိုင်ရာအာမခံနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ
အာမခံတို့ကို ပုဂ္ဂလိကကို လုပ်ခွင့် ပေးမည်မဟုတ်ဟု မြန်မာ့အာမခံ
လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်း သိန်းက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပုဂ္ဂလိကတိုင်းရင်းသားလုပ်ငန်းရှင် များအား
အာမခံကုမ္ပဏီတည် ထောင်ခွင့် ပြုနိုင်ရန်အတွက် အဖွဲ့ဝင် ခုနစ်ဦးပါ
အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး မေလ ၂ ရက်နေ့မှစတင်ကာ
ပုဂ္ဂလိက အာမခံကုမ္ပဏီတည်ထောင်ခွင့်လျှောက် လွှာများအား တစ်စောင်လျှင်ကျပ်
၁၅ဝဝဝ နှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်။ ထိုလျှောက်လွှာ များအား
ဇွန်နှင့်ဇူလိုင်လအတွင်း အသေးစိတ်စစ်ဆေးကာ သြဂုတ် လတွင် ဘဏ္ဍာရေးနှင့်အခွန်ဝ
န်ကြီး ဌာနသို့ တင်ပြအတည်ပြုချက် ရယူ ၍ လုပ်ကိုင်ခွင့်များ ချပေးသွားမည်
ဖြစ်သည်။ အာမခံကုမ္ပဏီ တည် ထောင်ခွင့်ရရှိသော လုပ်ငန်းရှင် အနေဖြင့်
ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ကုမ္ပဏီများ မှတ်ပုံတင်ရုံးတွင် ဦးစွာ
ကုမ္ပဏီမှတ်ပုံတင် လျှောက်ထားရ မည်ဖြစ်ပြီး ထိုသို့လျှောက်ထားပြီး
ပါကအသက်အာမခံလုပ်ငန်းတစ်မျိုး တည်း လုပ် ကိုင်မည်ဆိုပါက မြန်မာ
ကျပ်ငွေသန်းခြောက်ထောင်၊ အထွေ ထွေ အာမခံလုပ်ငန်းလုပ်ကိုင်မည် ဆိုပါက
မြန်မာကျပ်ငွေသန်းပေါင်း လေးသောင်းနှင့် ထိုအာမခံနှစ်ခုလုံး အား
လုပ်ကိုင်မည်ဆိုပါက မြန်မာ ကျပ်ငွေသန်းပေါင်းလေးသောင်းခြောက် ထောင်အား
မြန်မာ့စီးပွားရေးဘဏ် ၌ ကြိုတင်စပေါ်ငွေ အဖြစ်ပေးသွင်း ရမည်ဖြစ်ကြောင်း
သိရသည်။”အာမခံကုမ္ပဏီဆိုတာက အရှုံးနဲ့အမြတ်နဲ့ဆိုရင် အရှုံးဘက်က
ပိုများတဲ့အတွက် ကုမ္ပဏီမထောင် ခင်မှာ သေချာစဉ်းစားဖို့လိုတယ်။
နောက်တစ်ချက်က ဒီလုပ်ငန်းဟာ လူတွေကို လိမ်ညာလို့ရတဲ့အတွက်
လူတွေအလိမ်မခံရအောင် ပေးသွင်း ရမယ့်ငွေတွေကို သန်းခြောက်ထောင် တို့၊
သန်းလေးသောင်းတို့ သတ် မှတ်ထား ရတာပဲ။ ဈေးပေါပေါနဲ့သာ
လုပ်ခွင့်ပေးလိုက်ရင် အာမခံကုမ္ပဏီ တွေဖောင်းပွလာပြီး လူတွေကို လိမ် တာတို့၊
ဒေဝါလီခံတာတို့ မဖြစ် အောင် ကြိုတင်ကာကွယ်ထားရ တာပါ။ နောက်ပြီး ချမ်းသာတဲ့
သူ တွေပဲ ဒီလုပ်ငန်းကို လုပ်ကိုင်နိုင် အောင် စီစဉ်ထားတာ”ဟု ဒေါက် တာ
မောင်မောင်သိမ်းက ပြော သည်။ မြန်မာ့အာမခံလုပ် ငန်းကို ၁၉၆၂ တွင်
စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာနလက်အောက်ခံလုပ်ငန်းဌာနတစ်ခု ဖြစ်သည်။သူရထွန်း၊ ဧပရယ်ဦး
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား