2012-02-20
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဥာဏစိုးကို ပါတီဝင်အဖြစ်
လက်ခံလိုက်ပြီလို့ မနေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
သတင်းစာရှင်းလင်းပွဲမှာ
ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကကြေညာခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
ဒါကြောင့် အန်အယ်လ်ဒီပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်
မှတ်ပုံတင်ပြီးနောက်ပိုင်း ဒေါက်တာ မြဥာဏစိုးဟာ အန်အယ်လ်ဒီရဲ့ ပထမဦးဆုံး
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်လေးမြို့နယ်က ဝင်အရွေးခံကြမယ့်
အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အောင်နိုင်ရေးအတွက်
ပါတီက တာဝန်ပေးထားတယ်လို့ ဒေါက်တာမြဥာဏစိုးက ပြောပါတယ်။ ဒေါက်တာမြဥာဏစိုးဟာ
၂၀၁၀ ရွေးကောက်ပွဲကာလက အန်အယ်လ်ဒီက ခွဲထွက်သွားတဲ့ အမျိုးသား
ဒီမိုကရေစီအင်အားစု NDF ပါတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တာပါ။
ဒါပေမယ့် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ၂၀၁၀
နိုဝင်ဘာလမှာ လွတ်မြောက် လာပြီးတဲ့နောက် မိခင်ပါတီနဲ့ NDF ပြန်လည်
ပေါင်းစည်းရေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် NDF ပါတီက
နှုတ်ထွက်ပြီး အန်အယ်လ်ဒီပါတီဝင်အဖြစ် ၂၀၁၁ ခုနှစ်ကုန်ပိုင်းလောက်မှာ
လျှောက်လွှာတင်သွင်းခဲ့
တာဖြစ်ပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား