img.emoticon { padding: 0; margin: 0; border: 0; }

Thursday, February 16, 2012

အစိုးရ ၀န်ထမ်းများ လစာတိုးခြင်း ကိစ္စကို၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း၌သာ ဆောင်ရွက် သင့်ပါကြောင်း

‎(Updated) ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အစပိုင်းတွင် ဝေးလံ ခေါင်သီသော ဒေသများမှ
အစိုးရ ၀န်ထမ်း အားလုံးအတွက် ၄င်းတို့၏ ဒေသတွင်း အသုံးစရိတ် နှုန်းထားများကို တိုးမြှင့် ပေးရန် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အစိုးရ ၀န်ထမ်းများ လစာတိုးခြင်း ကိစ္စကို၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း၌သာ ဆောင်ရွက် သင့်ပါကြောင်း နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးခဲ့သည့်။ အသုံးစရိတ် တိုးပေးသွားမည့် ၀န်ထမ်း အရေအတွက်မှာ ၃၇၈၁၇ ဦးဖြစ်သည်။ အဆိုပါ ၀န်ထမ်းများမှာ ဝေးလံ ခေါင်သီသောဟု သတ်မှတ် ထားသော
ဒေသများမှ မြို့အရေအတွက် ၈၅ မြို့တွင် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား