Tuesday, February 7, 2012
လယ်ဝေးမြို.- ရွက်နုဝေ -ဓါတ်ဆီ ဆိုင်မီးလောင်မှု ဖြစ်ပွား
နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်မှ
ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်၌ မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုသည်
နေပြည်တော် လယ်ဝေးမြို့ တောင်ငူဘက်အထွက် ရန်ကုန်-မန္တလေး
ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပုဂ္ဂလိက စက်သုံးဆီ ရောင်းချသော
ရွက်နုဝေဆီဆိုင်မှ (၁၀း၁၀) နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး
မီးငြှိမ်းသတ်ထိန်းသိမ်းနိုင်မှုမှာ (၁၀း၃၀) နာရီဖြစ်ကြောင်း သိရှိရသည်။
“အခုထက်ထိ ဘယ်ကစပြီး မီးလောင်တယ်ဆိုတာ မသိရသေးဘူး။
ပိုင်ရှင်နဲ့လည်း မတွေ့ရသေးဘူး။ သူတို့အပြောအရတော့ ဝိုင်ယာရှော့ဖြစ်ပြီး
မီးလောင်ကျွမ်းတယ်လို့ ပြောတယ်။ ဒီလိုမြို့ပြင်တွေမှာ တရားဝင် လျှပ်စစ်မီး
သွယ်တန်းပေးထားတာလည်း မရှိဘူး” ဟု လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နေပြည်တော် လယ်ဝေးမြို့နယ်
ပုဂ္ဂလိကရွက်နုဝေ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားစဉ်
မီးငြှိမ်းသတ်ရာတွင် မီးသတ်ကား ၁၉ စီး၊ နေပြည်တော် စည်ပင်ရေသယ်ယာဉ် ၃ စီး၊
ကုန်းလမ်းပို့ဆောင်ရေး ရေသယ်ယာဉ် ၃ စီး၊ TZTM ကုမ္ပဏီမှ ရေသယ်ယာဉ် ၁
စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။ ရွက်နုဝေ စက်သုံးဆီ
အရောင်းဆိုင်မှ မီးလောင်၍ ဆုံးရှုံးခဲ့သော ပစ္စည်းစာရင်းမှာ ဒီဇယ် ၁၀ လုံး၊
ဓါတ်ဆီ ၅ လုံး၊ အင်ဂျင်ဝိုင် ၈ လုံးနှင့် အဆောက်အဦ ဆုံးရှုံးခဲ့ကြောင်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား