မြန်မာနိုင်ငံတွင်
ကုန်သွယ်မှုတက္ကသိုလ် (Trade Institute) ကြီးတစ်ခုကိုဖွင့်လှစ်ရန်
စီစဉ်ပြီဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ၁၂ ရက်က WTO အစည်းအဝေးကို
တက်ဖြစ်တယ်။ နောက် စီးပွားကူးသန်းဝန်ကြီး တာဝန်ယူရတဲ့ အချိန်မှာTrade နဲ့
ပတ်သက်လို့ Institute တစ်ခုထူထောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကိုလဲ
ကုန်သည်စက်မှု အသင်းချုပ်နဲ့ ပူးပေါင်းဆောင်ရွက်ဆွေးနွေးနေပါတယ်” ဟု
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်က ပြောသည်။
ယင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ
အကောက်ခွန်လုပ်ငန်းများ ဆိုင်ရာ ဝန်ဆောင်သူများအသင်း၏ (၁၅)ကြိမ်မြောက်
နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏
ပညာရေးကဏ္ဍတွင် အရေးပါသော Educational Sectors များ သီးသန့်မရှိသေးဘဲ
သက်ဆိုင်ရာ ကဏ္ဍအလိုက် တက္ကသိုလ်များ လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
လက်ရှိစီစဉ်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုတက္ကသိုလ် (Trade Institute)
အနေဖြင့် သီးသန့်ဘွဲ့တစ်ခု ပေးအပ်နိုင်ပြီး တက်ရောက်လိုသူများ အနေဖြင့်
တက္ကသိုလ်ဝင်တန်းအောင်ပြီး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ရန် လိုအပ်နိုင်ကြောင်း
၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်
ဖော်ပြထားပါသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား