Updated : 12 Jan, 2012
မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး သတင်း အချက်အလက်များကို စုစည်းပြီး
Telecom News Letter ကို မကြာမီ ထုတ်ဝေ ဖြန်ချိဖို့ စီစဉ်လျက် ရှိပြီး
ဖြန့်ချိရာမှာ အခမဲ့ ဖြန့်ဝေ သွားမှာ ဖြစ်တယ်လို့ ဇန်န၀ါရီလ ၉ ရက်နေ့က
ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက်
သင်တန်းေ ကျာင်းမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။
အဲ့ဒီလို အခမဲ့ ဖြန့်ဝေရာမှာ အစိုးရ ဌာနများနဲ့ NGO အဖွဲ့အစည်းများ အပါအ၀င် အခြား ဌာနဆိုင်ရာတွေကိုလည်း ဖြန့်ဝေသွားမှာ ဖြစ်ပါ တယ်။
အဆိုပါ Telecom News Letter မှာ ပြည်တွင်းမှ ဆက်သွယ်ရေး သတင်းများ ၊
ပြည်ပမှ GSM ဖုန်းများ အကြော င်း ၊ အာဆီယံ နိုင်ငံများရဲ့ ဆက်သွယ်ရေး
အကြောင်းများ ၊ မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ ထုတ်ပြန်ချက်များ ၊
ဆက်သွယ်ေ ရး အကြောင်း ဆောင်းပါးများ စတဲ့ အကြောင်းအရာများ ပါဝင် မှာ
ဖြစ်ပါတယ်။
အဆိုပါ သတင်း စာစောင်ကို အပတ်စဉ် ထုတ်ဝေမှာ မဟုတ်ဘဲ ၂ လ
တစ်ကြိမ် ထုတ်ဝေဖို့ အကြမ်းဖျင်း သတ်မှတ် ထားတယ် လို့ သိရပါတယ်။ အခု
လက်ရှိမှာ Telecom News Letter ကို အကြမ်း ပုံနှိပ်ထားပြီး မျက်နှာဖုံး
ဒီဇိုင်းကို ပြန်လည် ပြင် ဆင်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား