img.emoticon { padding: 0; margin: 0; border: 0; }
Tuesday, January 10, 2012
News, 11-1-2012
     ရေပူဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ် နှစ်ခုအား ဖျက်သိမ်း
11-01-2012 9:20 AM
မူဆယ် စစ်ဆေးရေးဂိတ်တစ်ခုပါနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း
 နှစ်ခုရှိ စစ်ဆေးရေးဂိတ်များဖြစ်သည့် ရေပူဂိတ်နှင့်
မရမ်းချောင်ဂိတ်တို့အား ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ
ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ “၇ ရက်နေ့
နံနက်ကစပြီးတော့ ရေပူဂိတ်ကို ဖယ်လိုက်ပါပြီ။
အရင်တုန်းက အဲဒီဘက်မှာ စစ်ဆေးရင် အတက်အဆင်း အရမ်းကျပ်တဲ့အထိ ရှိခဲ့တယ်။ ဘာကြောင့် ဖယ်တာကိုတော့ကျွန်တော်တို့လဲ မသိရပါဘူး။ ဒီရေပူဂိတ်ကို ဖယ်လိုက်တဲ့အတွက်ကြောင့်
ကုန်ကျစရိတ် မကွာဟပေမယ့် အချိန်တော့ တစ်နာရီလောက် သက်သာသွားမယ့် အနေအထား
ရှိပါတယ်” ဟု မူဆယ်မြို့မှ ကုန်သည်ဦးဟန်စိန်က ပြောသည်။
ထိုကဲ့သို့
ရေပူစစ်ဆေးရေးဂိတ်အား ပယ်ဖျက်လိုက်သည့်အတွက် မန္တလေးမြို့မှ မူဆယ်သို့
ပို့ဆောင်မည့် ကုန်စည်များသည် မန္တလေး ၁၆ မိုင်ဂိတ်နှင့်
မူဆယ်ဂိတ်များတွင်သာ စစ်ဆေးမှုများကို ခံယူရမည်ဖြစ်ကြောင်း အဆိုပါ ကုန်သည်က
ရှင်းပြသည်။
 ယင်းနေ့ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်
ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ
မရမ်းချောင် စစ်ဆေးရေးဂိတ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
မရမ်းချောင် စစ်ဆေးရေးဂိတ်အား ပယ်ဖျက်လိုက်သည့်အတွက် မြဝတီသို့
ကုန်သွယ်သည့် မော်တော်ယာဉ်များသည် သံလွင်တံတားနှင့် မြဝတီ
ကုန်သွယ်ရေးဇုန်များတွင်သာ စစ်ဆေးမှုများ ခံယူရတော့မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အဓိကလမ်းကြောင်းပေါ်ရှိ ဂိတ်နှစ်ဂိတ်အား ပယ်ဖျက်ပေးလိုက်သဖြင့်
ကုန်စည်ပို့ဆောင်မှုများ ယခင်ကာလများထက် သိသာစွာ မြန်ဆန်လာမည် ဖြစ်ကြောင်း
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်န့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်
ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
http://feeds.feedburner.com/thithtoolwin/yIWV
မီးလောင်ပေါက်ကွဲခဲ့သော နေရာတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများထပ်မံတွေ့ ရှိ
11-01-2012 9:04 AM
ပေါက်ကွဲစေတတ် သော ယမ်းစိမ်းနှင့် အခြားပစ္စည်းအိတ် ၂၀ ခန့်ကို ဇန်နဝါရီ ၅ရက်က မင်္ဂလာတောင် ညွန့်ကူးတို့ ဆိပ်ရပ်ကွက်တွင် ထပ်မံတွေ့ ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ''ယမ်းစိမ်း၊ ဆေးဒန်းနဲ့  တခြား ပစ္စည်းတွေပါ။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာ အောက်မှာပဲ တစ်နေကုန်ရှာရင်းဖွေရင်းနဲ့ မီးသတ်ဝန်ထမ်းတွေက တွေ့ရှိခဲ့တာ။ အခု အဲဒီပစ္စည်းတွေကို ရေနဲ့ဖျက်ဆီးလိုက်ပါ ပြီ'' ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၉ရက် က ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းပေါက် ကွဲမှုသည် မေတ္တာမွန်ဂိုဒေါင်အုပ်စုရှိ တီဗွီ၊ အီးဗွီဒီ၊ ဒီဗွီဒီစက်များ ထားရှိသည့် ဂိုဒေါင် အမှတ် ၈ဝမှ မီးလောင်ကျွမ်းပြီး ပရဆေး များထားရှိသည့် ဂိုဒေါင်အမှတ် ၇၉သို့ မီး ကူးစက်လောင်ကျွမ်းခဲ့ကာ ပရဆေးဂိုဒေါင် အတွင်းရှိသော ဇဝက်သာအိတ် ၄၀၀၊ ဆေး ဒန်းအိတ် ၄၀၀၊ ဗမာယမ်းစိမ်းတစ်အိတ် လျှင် ပိဿာ ၅ဝရှိ အိတ်၂၀၊ ဘုမ္မာရာဇာ အိတ် ၅၀၊ သိန္ဓောအိတ် ၂၀၀၊ ဆားပုပ် အိတ် ၂၀၀၊ အလိုကျူအိတ် ၁၀၀၊ ထိန်ပွင့် အိတ် ၃၀ လက်ခြားအိတ် ၁၀၀၊ နံသာဆီ အိတ် ၅၀၊ နွယ်ချိုအိတ်၁၀၀၊ ပန်းဝတ်ဆံ အိတ် ၆ဝတို့ရှိရာ ၄င်းပရဆေးအိတ်များကို မီး လောင်ကျွမ်းပြီး ဓာတ်ပြုပေါက်ကွဲခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများမှ သိ ရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍သက် ဆိုင်ရာ ဂိုဒေါင်ပိုင်ရှင် နှစ်ဦးကို ပေါ့လျော့မှု၊ ပေါက်ကွဲမှု၊ အပြင်းအထန်နာကျင်စေမှု၊ မီးလောင်မှု စသည့်ပုဒ်မလေးခုဖြင့် အမှုဖွင့် ကာ မင်္ဂလာတောင်ညွန့်ရဲစခန်းမှ စစ်ဆေး လျက်ရှိသည်။''ဥပဒေအရ အရေးယူဆောင် ရွက်မှုတွေ ပြုလုပ်သွားမှာပါ။ သူတို့နှစ်ဦး ကို မင်္ဂလာတောင်ညွန့် ရဲစခန်းအပြင် အခြား သက်ဆိုင်ရာ ဌာနတွေကလဲ စစ်ဆေးနေပါတယ်'' ဟု ရန်ကုန်တိုင်း ရဲရုံးမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်တိုင်းမ်
http://feeds.feedburner.com/thithtoolwin/yIWV
The VOICE - Monday,January 9
11-01-2012 8:19 AM
The Voice Weekly (8-4)
http://feeds.feedburner.com/thithtoolwin/yIWV
လောင်းကစားဝိုင်းများပြုလုပ်ရန် စစ်တပ်သို့ ငွေအမြောက်အမြားလာဒ်ထိုးရ
11-01-2012 7:08 AM
သံတွဲမြို့အခြေစိုက် အမှတ် ၅၅
ခြေလျှင်တပ်ရင်းဝင်းအတွင်း ပြုလုပ်သည့်  ဖျော်ဖြေပွဲတွင်
လောင်းကစားဝိုင်းများ ထည့်သွင်းနိုင်ရန်အတွက် စစ်တပ်သို့
ငွေအမြောက်အမြားပေးခဲ့ရသည်ဟု ပွဲကန်ထရိုက်ဆွဲသူများ က ပြောသည်။
ယခုလ၄ ရက်မှ စတင်ကာ အမှတ် ၂ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ခွဲမှ
လေးရက်တိုင်ဖျော်ဖြေခဲ့သော ၎င်းပွဲတွင် လောင်းကစားဝိုင်းပေါင်း ၃၀ ကျော်အတွက်
ကျပ်ငွေ သိန်းငါးဆယ် ပေးခဲ့ရသည်ဟု လောင်းကစားဝိုင်း
ကန်ထရိုက်ဆွဲသူများကပြောသည်။
လောင်းကစားပွဲ မြင်ကွင်းတချို့
ပွဲတော်အတွင်း
 လောင်းကစားဝိုင်းများပြုလုပ်ရန် ငွေကျပ်သိန်းသုံးဆယ်ဖြင့်
တပ်ရင်းမှူးနှင့်ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး
ပွဲပြုလုပ်ရန်ရက်ပိုင်းအလိုတွင် ၎င်းမှာခရီးထွက်သွားခဲ့သည်။ တပ်တွင်ကျန်ရှိသော
 အခြားအရာရှိများက လောင်းကစားဝိုင်းထည့်လိုလျှင်
ငွေကျပ်သိန်းငါးဆယ်ပေးရမည်ဟုတောင်းဆိုကြောင်း 
လောင်းကစားဝိုင်းများပြုလုပ်ရန် ကန်ထရိုက်ဆွဲသူများကပြောသည်။
လောင်းကစားပွဲအတွက်
 ကန်ထရိုက်ဆွဲသူတစ်ဦးက “ဗိုလ်မှူးတွေက အတင်းအကျပ်တောင်းတယ်။
မပေးရင်ပွဲဖျက်ပစ်မယ်ပြောလို့ ပေးလိုက်ရတယ်” ဟု ပြောသည်။
လောင်းကစားဝိုင်းတစ်ဝိုင်းစီမှ
 လေးရက်စာအတွက် ပွဲအကောက်ခွန်ငွေ ကျပ်တစ်သိန်းခွဲကောက်ခံပြီး လောင်းကြေး
အလျော်အစားအဖြစ် ငွေကျပ် ၅၀၀ မှ ၁၂ သိန်းအထိရှိခဲ့ကြောင်း
ခြောက်ကောင်အံစားတုံးဆွဲ လောင်းကစားဒိုင်တစ်ဦးကပြောသည်။
ယင်းလောင်းကစားပွဲများတွင်
 သံတွဲမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင် ၀င်ရောက်လောင်းကစားနေသည်ဟု
မျက်မြင်တွေ့ခဲ့သည့် သံတွဲမြို့ခံတစ်ဦးကပြောသည်။
၎င်းဖျော်ဖြေပွဲတွင်
 ခြောက်ကောင်အံစာတုံးဆွဲ၊ ဆယ်ကောင်အ၀ိုင်းလှည့်၊ မြှားပစ်၊ ကြွေအံပစ်နှင့်
အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်သော လောင်းကစားဝိုင်း ၃၀
ကျော်ပါဝင်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှဖြစ်သည်ဟု
သွားရောက်ခဲ့သူတစ်ဦး ကပြောသည်။
နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များ
 တစ်နှစ်လျှင်နှစ်ကြိမ်ခန့် ပွင့်လင်းရာသီများတွင်
လာရောက်ဖျော်ဖြေလေ့ရှိသည်ဟု သံတွဲမြို့ခံများကပြောသည်။       ။
 ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)
http://feeds.feedburner.com/thithtoolwin/yIWV
လွှတ်တော်အမတ်က အရပ်သားလုံခြုံရေးကို တုတ်နဲ့ရိုက်
11-01-2012 7:05 AM
သံတွဲမြို့ တွင်ပြုလုပ်သော လွတ်လပ်ရေးနေ့စတိတ်ရှိုးဖျော်ဖြေပွဲတစ်ခုတွင်
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် အဖော်များက လုံခြုံရေး တာဝန်ယူထားသူ
အရပ်သားတစ်ဦးကို ရိုက်နှက်ခဲ့ကြသည်။
ယခုလ ၃ ရက်ညက
သံတွဲမြို့ရဲစခန်းရှေ့ ဘောလုံးကွင်းဟောင်းတွင်ပြုလုပ်သော
အဆိုပါပွဲသို့သံတွဲမြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ရောက်ရှိလာပြီး
အတူပါလာသူ(၁၅)ဦးခန့်အား VIP များဟုပြောဆိုကာ စတိတ်ရှိုးရုံတွင်းသို့
အခမဲ့သွင်းခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။
“ဒီလိုပွဲတွေမှာ VIP အတွက် သီးသန့်လက်မှတ်တွေပေးပြီးသားပါ။ ဒါပေမဲ့သူတို့က ဘာလက်မှတ်မှ
 မပြပဲနဲ့ ၀င်မယ်လို့ပြောတယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ပွဲကြည့်ပရိတ်သတ်တစ်ဦးကပြောသည်။
ရုံစောင့်များက
 ၎င်းကိုမသိ၍ ၀င်ခွင့်မပေးခဲ့သော်လည်း လုံခြုံရေးတာဝန်ယူထားပြီး ပွဲကန်ထရိုက်၏
 ကိုယ်စားလှယ်ဖြစ်သူတစ်ဦးက  ၀င်ခွင့်ပေးခဲ့ကြောင်းလည်း၎င်းကပြောသည်။
ရှိုးပွဲစတင်ပြီးမကြာမီမှာပင်
 ဦးအောင်နိုင်ဦး အပါအ၀င် VIP တန်းမှ လူတော်တော်များများမှာ စတိတ်စင်ရှေ့
ကွက်လပ်သို့ထွက်၍ ကခဲ့ကြကြောင်း ၊ ထို့နောက် ခုံမဲ့ပရိတ်သတ်များနှင့်
ခုံတန်းများကိုကာရံထားသည့် သံဆူးကြိုးတန်း အနီးတွင်ရှိနေသည့်
အရပ်သားလုံခြုံရေးထံမှ တုတ်ကို ဦးအောင်နိုင်ဦး ကသွားရောက်ဆွဲယူခဲ့ကြောင်း
 မျက်မြင်တွေ့ခဲ့သူများကပြောသည်။
တုတ်ကိုအပြန်အလှန်လုရင်း
တုတ်ဖြင့် ဦးအောင်နိုင်ဦး၏ခေါင်းကိုထိသွားခဲ့ရာ ၎င်း၏အဖော်(၁၅)ဦးခန့်က
၎င်းလုံခြုံရေးကို ၀ိုင်းရိုက်ခဲ့ကြသည်ဟု
အခင်းဖြစ်ပွားရာတွင်ရှိနေခဲ့သောသူများကပြောသည်။
“အဲ့အချိန်မှာ အနားမှာရဲတွေရှိနေတယ်။ ဒါပေမယ့် ၀င်မဆွဲကြဘူး” ဟုအနီးတွင်ရှိခဲ့သော ပွဲကြည့် ပရိတ်သတ်တစ်ဦးကပြောသည်။
အရိုက်ခံရသူတွင် ဖူးရောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယခုအချိန်ထိ မည်သူ့ဘက်ကမှ အမှုဖွင့်ထားခြင်း မရှိသေးပေ။
“အမှုဖွင့်ပြီဆိုရင် ငွေကုန်တော့မှာ။ ပေးစရာလဲမရှိဘူး။ အဲဒီလိုဝိတ်ရှိတဲ့လူတွေနဲ့လည်း အမှုမဖြစ်ချင်ဘူး” ဟု အရိုက်ခံခဲ့ရသူကပြောသည်။
ဦးအောင်နိုင်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ 
ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)
http://feeds.feedburner.com/thithtoolwin/yIWV
ကရင်နီ (ကယား) ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူလူငယ်များပြားလာ
11-01-2012 6:58 AM
ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့်
ဖမ်းဆီးခံရသူများအနက် အသက် ၂၀ ၀န်းကျင် လူငယ် အများစုပါဝင်နေသည်ဟု
အထက်တန်းရှေ့နေ တဦးက ပြောသည်။
“အခု အမှုတွေလိုက်နေရတဲ့အထဲမှာ
 မူးယစ်ဆေးဝါးကိစ္စတွေကြောင့်များတယ်၊ လူငယ်အုပ်စုတွေမှာ များတယ်၊
အသက်နှစ်ဆယ်ဝန်းကျင်တွေဖြစ်တယ် ” ဟု ပြောသည်။
သူ့အနေဖြင့်
ယခုလက်ရှိ  မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးခံနေရသည့် လူငယ်တဦး၏ အမှုကို
 လိုက်ပေးနေရသည်ဟုလည်း ပြောသည်။  ၎င်းက လူငယ်အများစုသည် လွိုင်ကော် တက္ကသိုလ် ၊
 နည်းပညာတက္ကသိုလ်မှ ကျောင်းသူ/သားများဖြစ်ကြသည်ဟု လည်း ဆိုသည်။
ရဲများက မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရသော ကျောင်းသူကျောင်းသားများကို
လိုက်လံစစ်ဆေးလျှက်ရှိရာ ကျောင်းသားများ ထံမှ စိတ်ကြွဆေးပြားများ ၊ ရာဘဆေးများကို တွေ့ရသဖြင့်
ကျောင်းသားများအား ဖမ်းဆီးထားကြခြင်းဖြစ်သည်။
လွိုင်ကော် နည်းပညာ တက္ကသိုလ်
“ရဲတွေ
 လိုက်စစ်ဆေးတဲ့အခါ လက်ထဲမှာ ဆေးတပြားနှစ်ပြားတွေ့ရပြီး ဖမ်းဆီးခံထားရတဲ့
သူတွေဖြစ်ပါတယ်။ ဒီလိုမူးယစ်ဆေးသုံးသူတွေထဲမှာလည်း ရဲတွေက အများဆုံးပါတယ်။
ဆက်နွယ်နေတယ်။ သူတို့သိနေတာ ဘယ်ကလေးက ဘာတွေလုပ်
နေလဲဆိုတာသိတယ် ” ဟု ပြောသည်။
လူငယ်များအကြား
 ဆေးသုံးစွဲမှု ပြန့်နှံ့နေခြင်းသည်  မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး
စီးပွားရှာသူ များပြားလာခြင်းကြောင့်ဖြစ်သည်ဟု လွိုင်ကော်မြို့ခံတဦးက
ပြောသည်။
“လူငယ်တွေက စမ်းသပ်နေကြတာ ရဲတွေကလည်း
အကိုင်းအဖျားတွေဘဲ လိုက်ဖမ်းနေတယ်။ ပင်စည်တွေကို ဖမ်းပါ။
လက်ညိုးထိုးလိုက်ရင် လွိုင်ကော်မြို့မှာ အရင်းအမြစ်တွေက အများကြီးဘဲ
သူတို့မဖမ်းဘူး” ဟု ၎င်းမြို့ခံက ပြောသည်။
ယခုကဲ့သို့
မူးယစ်ဆေးဝါး ပြဿနာ ကျယ်ပြန့်လာသည့်နောက်တွင်
တက္ကသိုလ်ကျောင်းသူ/သားများနှင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို
စိုးရိမ်နေကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံလူမှုအဖွဲ့အစည်းများက
မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပ
ပြုလုပ်လာကြသည်။
ဖရူးဆိုမြို့နယ်
မူဆိုကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာအုပ်စုနှင့် ဒီးမော့ဆိုမြို့နယ် မြို့မ
 အုပ်စု အတွင်းတွင် သက်ဆိုင်ရာဌာနများနှင့်  ဒေသခံ အဖွဲ့အစည်းများက
ပူးပေါင်းကာ ပညာပေး ဟောပြောပွဲများ ကျင်းပကြသော်လည်း
ယခုဟောပြောပွဲများဖြင့် လူငယ်များအား ထိရောက်စွာပညာပေးနိုင်ခြင်း မရှိသေးဟု
 မြို့ခံတဦးက ဝေဖန်သည်။    ။
 ဇန်န၀ါရီ ၁၀၊ ၂၀၁၂ (YPI)
http://feeds.feedburner.com/thithtoolwin/yIWV
ဇန်န၀ါရီလ(၁၁)ရက်နေ့ ထုတ် မြန်မာပို့ စ် ဂျာနယ်
11-01-2012 8:30 AM
vol4_no2
http://feeds.feedburner.com/thithtoolwin/yIWV
လွတ်ခါနီး နာရီပိုင်းအလိုမှ အမှုသစ် တိုးခံလိုက်ရတဲ့ အင်းစိန်ထောင်မှ မန်းငြိမ်းမောင်
11-01-2012 6:37 AM
ဇန်န၀ါရီလ ၁၀ ရက်-၂၀၁၂
-ကျနော် သန့်ဇင်ထွန်းပါ ခင်ဗျာ။
-ဟုတ်ကဲ့ ကျနော် ဘားမားဗီဂျေမီဒီယာကပါ။ ကိုသန့်ဇင်ထွန်း ဘယ်ရက်က ပြန်လွတ် လာတာလဲ မသိဘူး  ခင်ဗျာ။
-၅ရက်နေ့က ပြန်လွတ်လာတာပါ
-အင်းစိန်ကနေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။ အင်းစိန် ဘယ်တိုက်ကနေ ပြန်လွတ်လာတာ ပါလဲ ခင်ဗျာ။
-လေးရှည်တိုက် ၉ ခန်းက ခင်ဗျာ
-အဲဒီမှာ ကိုသန့်ဇင်ထွန်းက အခု ဖထီး မန်းငြိမ်းမောင်နဲ့ အတူတူ နေခဲ့ရတယ်လို့ သိထားရတယ် ခင်ဗျ
 ဖထီး မန်းငြိမ်းမောင်ရဲ့အခြေအနေလေး ပြောပြပါအုံး ခင်ဗျာ။
-ဟုတ်ကဲ့
 ဖထီးနဲ့ ကျနော်က တတိုက်တော့ တတိုက်စီပါဘဲ။ တွေ့ရတာတော့ တွေ့ရပါတယ်။
ဖထီးကကျန်းမာရေးလဲ ကောင်းပါတယ်။ မဆိုးပါဘူး။ သူ့ကို နောက်မှု ကပ်တယ်လေ။
နှစ်မှု ကပ်တယ်ဗျာ။ အဲဒါလေး နဲနဲပြောမယ်ဗျာ။ သူ့ကို နောက်မှုကပ်တာက
နိုင်ငံတော်(လွတ်ငြိမ်းချမ်းသာခွင့်) လာတဲ့နေ့ဗျာ။ နိုင်ငံတော် လာတာက
 ၂ရက်နေ့ ၄ နာရီမှာ လာတယ်ဗျာ။ သူ့ကို နောက်မှုကပ်ဖို့ ခေါ်ထုတ်သွားတာက
နိုင်ငံတော် လာဖို့ နာရီဝက်အလို ၃း၃၀ နာရီမှာ ခေါ်ထုတ်သွားတယ်။ နောက်ထပ်
နှစ်မှုကပ်တယ်၊ သူ့ကို ရုံးထုတ်မဲ့နေ့က  ၁၂ရက်နေ့။ လာမဲ့ ၁၂ ရက်နေ့ဗျာ။ အဲဒီ
 ၁၂ ရက်နေ့က ခင်ဗျားတို့လဲ သိတဲ့အတိုင်းဘဲနောက်ပြီးတော့ထုတ်တဲ့ တရားရုံးက
အထူးတရားရုံး ဖြစ်နေတယ်။
-၂ ရက်နေ့ လွတ်ငြိမ်း ချမ်းသာခွင်
့ကြေငြာတာက ၄ နာရီ ဖထီးကို နောက်မှု လာကပ်တာက ၃း၃၀ နာရီ ပေါ့
အဲဒါဘာကြောင့်လို့ ကိုသန့်ဇင်ထွန်း ထင်ပါသလဲ ခင်ဗျာ။
-ထင်မြင်ချက်
ကတော့ဗျာ ဒါကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ လွတ်ရက်လဲ စေ့နေပြီ နာရီပိုင်း
အလိုမှ  ဒါမျိုး လုပ်တာတော့ မကောင်းဘူး။ အဲဒါလေးကိုဘဲ ကျနော်တို့ မြင်တယ်
- ဟုတ်ကဲ့ ဖထီးက ပထမတမှုမှာ ဘာပုဒ်မနဲ့ ထောင်ဘယ်လောက် ချထားတာလဲ ခင်ဗျာ။
-
 ကျနော်က အဲဒီလောက်ကြီး အတိအကျ မသိဘူးဗျ။ နောက်ကပ်တဲ့ အမှုကတော့ ကျနော်
ကြားတာကတော့ ၁၇(၁)၊ ၁၂၂(၁) (လူဝင်မှုကြီးကြပ်ရေး) အမှုပေါ့။ဟိုအမှုက ၆ လ
လားမသိဘဲကျတာ။ ကျနော် အဲလောက်ဘဲ သိတာ
- ဟုတ်ကဲ့ သူက ၆ လ
ဘဲကျထားတာ ဆိုတော့ ၂ ရက်နေ့မှာ ကြေငြာတဲ့ နိုင်ငံတော် ကြေငြာချက်နဲ့ ဆိုရင်
 သူ ၆ လ ကလွတ်တယ်လို့ ယူဆလို့ ရတာပေါ့နော်။
- ဟုတ်ကဲ့။ တကယ်လို့ အဲဒီနေ့မှာ နောက်မှု ထပ်မကပ်ဘူး ဆိုရင် လွတ်တယ်။
-
 ဟုတ်ကဲ့ နိုင်ငံတော်မလာခင် နောက်မှု လာမကပ်ဘူးဆိုရင် သူက လွတ်တယ် ပေါ့နော်။
 အဲဒီတော့ ကိုသန့်ဇင်ထွန်း မလွတ်ခင် သူ့ကို နောက်ဆုံး မြင်တွေ့ရသလောက်
သူ့ရဲ့ ကျန်းမာရေး အနေအထားလေး   မြင်ရ ကြားရ သလောက် ပြောပြပေးပါအုံး
ခင်ဗျာ။
- ကျန်းမာရေး ကတော့လေ ဖထီး ကိုယ်တိုင် ပြောတာပေါ့နော်
ကျန်းမာရေးက မဆိုးပါဘူး ကောင်းပါတယ်။  ကျန်းမာရေးကတော့ ကောင်းတယ်။
ဖထီးကတော့ နောက်မှု ဘယ်လောက်ဘဲ ကပ်ကပ် တုန်လှုပ်မှု  မရှိဘူး။ ဒီထဲမှာ
ရဲရဲဝံ့ဝံ့ဘဲ နေသွားမယ်၊ ကျန်းမာရေး ကောင်းကောင်း ပေါ့နော်။ နေရေး
ထိုင်ရေးကတော့   ဒီထဲမှာဖထီးကို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးက
ဂရုစိုက်ကြပါတယ်။ တခြား စားစရာ သောက်စရာက အစပေါ့နော် ကျန်းမာရေး
ကောင်းပါတယ် ဟုတ်ကဲ့။
- သူ့ မိသားစုကကော ထောင်ဝင်စာတွေ ဘာတွေ လာတယ်လို့ကော ကြားမိလား ခင်ဗျာ။
-
 ဟုတ်ကဲ့ အဲဒါတော့ ကျနော် မကြားမိဘူး ခင်ဗျ။ မလာနိုင်ဘူး ထင်တယ်ဗျ ဟုတ်ကဲ့။
 ကျနော် ရှိနေစဉ်   အတွင်း ဖထီး ထောင်ဝင်စာလာတာ တခါမှ မမြင်မိဘူး
အခုတော့မသိဘူးပေါ့ ကျနော်ရှိ နေတုန်းကတော့   တခါမှမလာပါဘူး
- ဟုတ်ကဲ့ အခုဇန်နဝါရီ ၁၂ ရက်နေ့မှာ ဖထီးကို အထူးတရားရုံး ထုတ်မယ်ပေါ့နော်။ အဲဒီဟာကိုကော  အကို့ အနေနဲ့ ဘယ်လိုမြင်လဲ ခင်ဗျာ။
-
 အထူးတရားရုံး ဆိုတာမရှိသင့်ဘူး ခင်ဗျ။ အထူးတရားရုံးက အင်းစိန်
ထောင်ထဲမှာရှိတဲ့ တရားရုံးဗျ။ ကျနော်တို့ တရားရုံးဆိုတာက
အများပြည်သူရှေ့မှာဘဲ စစ်ရမယ်လေ။ ကျနော်တို့ နိုင်ငံရေး အကျဉ်း  သားတွေကို
အထူး တရားရုံးမှာဘဲ လူမသိ သူမသိ စစ်သွားတယ်။ ရှေ့နေတွေလဲ ဘာမှမပါဘူးဗျ။
ကျနော်တို့ဆိုရင်လဲ အထူး တရားရုံးနဲ့ချတာဘဲဗျ ဒါမရှိသင့်တဲ့ကိစ္စဘဲ။
ဒီကိစ္စဟာပေါ့နော်။ အမှုစစ်စရာ   ရှိရင်လဲ အများပြည်သူရှေ့မှာ စစ်ပေါ့ဗျာ။
အခုတော့ တရားဥပဒေ စိုးမိုးရေး ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်း  ထုတ်စရာ
ဖြစ်နေတယ်။
-- ဟုတ်ကဲ့ ကိုသန့်ဇင်ထွန်းကကော ဘယ်နှစ်ခုနှစ်က ထောင်စကျပြီးတော့ ပြန်လွတ် လာတာလဲ ခင်ဗျာ။
-
 ကျနော် ၂၀၀၉ ကပါ အကို။၂၀၀၉  ၁၀ လ ၂၂ ရက်နေ့ပါ အကို။ ကျနော်တို့လဲ
အထူးတရားရုံးကဘဲ   ချခဲ့တာ။ဒီအထူးတရားရုံးကြီးက ရှိကိုမရှိသင့်ဘူးဗျ။
အဲဒီမှာ လူတွေလဲ ဘယ်သူမှ မဝင်ရဘူး မထွက်ရဘူး။
တရားဥပဒေစိုးမိုးရေး ဆိုတဲ့စကားလုံးက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။
- ကိုသန့်ဇင်ထွန်းရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ
- ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ
တယ်လီဖုန်း အင်တာဗျုး အသံအရည်အသွေး အားနည်းသဖြင့် စာဖြင့် ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။
photo credit - http://karennews.org
မှတ်ချက် -
မန်းငြိမ်းမောင်အား၂၀၁၁
 ဇူလိုင်လအတွင်း တရုတ်ပြည်သို့ခရီးထွက်သွားရာမှစတင်ပျောက်ဆုံးခဲ့ပြီး
တရုတ်အာဏာပိုင်များက သူ့အား
မြန်မာအာဏာပိုင်များထံအပ်နှံခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၁ စက်တင်ဘာ ၂၇ရက်နေ့မှာ
လဝက အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ထောင် ၆လ ကိုပထမဦးစွာ ချခံခဲ့ရခြင်းဖြစ်ပါတယ်။
http://feeds.feedburner.com/thithtoolwin/yIWV
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်
11-01-2012 6:27 AM
လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့်
ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို
အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ  ဖြစ်ပါတယ်။ သဘာပတိအဖွဲ့နဲ့
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD
 ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့
အဖွဲ့ဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီး
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ်က ဝင်ယှဉ်ပြိုင်မယ်လို့ NLD ပါတီက
ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့  မသင်းသီရိက တင်ပြပေးထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  အသစ်ပြန်လည် ဖွဲ့စည်းရာမှာ
သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂
ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်န၀ါရီ ၁၀ ရက်၊
အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။
သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို
ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့
ဦးအုန်းကြိုင်ကပြောပါတယ်။
“သဘာပတိအဖွဲ့မှာက-
၁။ ဦးတင်ဦး (နာယက)၊
၂။ ဦးဝင်းတင်၊
၃။ ဦးသန်းထွန်း၊
၎။ ဦးလှဖေ၊
၅။ ဦးညွန့်ဝေ။
နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-
၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊
၂။ ဦးဉာဏ်ဝင်း၊
၃။ ဦးဝင်းမြင့်၊
၎။ ဦးအုန်းကြိုင်၊
၅။ ဦးဟန်သာမြင့်၊
၆။ ဦးထွန်းထွန်းဟိန်၊
၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ
အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည်
ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”
နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို
ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင်
 ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့
နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ
၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို
ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး
တင်ကြရမှာဖြစ်ပြီး  ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း
အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ  ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။
“တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊
ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း
ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့
စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ
တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆
ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့
ပြောမှာပါ။”
ဒါ့အပြင်ရန်ကုန်  NLD ရုံးချုပ်နဲ့  တိုင်းနဲ့ပြည်နယ်တွေက NLD
ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် 
ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ်
ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က
ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင်
အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ
နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်န၀ါရီလ ၅ ၇က်နေ့က
တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။
VOA
http://feeds.feedburner.com/thithtoolwin/yIWV
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်
11-01-2012 6:18 AM
ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့
ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်
အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက
ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့
ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော
စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့်
စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ
မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ
ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ် အနှံ့၊ ပြောမယ်ဆိုရင် နယ်မြို့တွေက လူတွေ တော်တော်
များများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရပ်တည်ကြဖို့ ဆန္ဒ သဘောထား
ရှိပါတယ်။ ရန်ကုန်မှာတော့ တချို့က အဖွဲ့ချုပ်ရဲ့ ပြင်ပကနေပြီးတော့ပဲ
ဝိုင်းရံမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အခုကာလမှာ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး တစ်ရပ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ၂၀၁၀ ကြားဖြတ်
ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ အသွင်သဏ္ဌာန်နဲ့ လူထုပါဝင်တဲ့
လူထုလှုပ်ရှားမှုပုံစံ ကျွန်တော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေး
 အတွက် လှုပ်ရှားမယ့် ဒီမိုကရေစီ တိုက်ပွဲ တစ်ခုပါ။”
လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းမှာလည်း ဒီမိုကရေစီရေး အပေါ်
သစ္စာစောင့်သိသူတွေ၊ ပညာ အရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊
တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့
အန်အယ်လ်ဒီက ကြေညာထားပါတယ်။
ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်
စာရင်းတွေကိုတော့ အန်အယ်လ်ဒီ ပါတီကို မနက်ဖြန် နောက်ဆုံး စာရင်း
ပေးသွင်းရပါမယ်။
ဒီအတောအတွင်း မနေ့က ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ
ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ
မိမိ ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဗဟို အလုပ်အမူဆောင်
အဖွဲ့ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ ၁ ရက်မှာ
ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက်
အန်အယ်လ်ဒီ ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့
အမည်စာရင်းကို ဇန်န၀ါရီ ၁၁ ရက်နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။
RFA
http://feeds.feedburner.com/thithtoolwin/yIWV
ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး အသိပေးနှိုးဆော်
11-01-2012 6:06 AM
လွှတ်တော် အသီးသီးတွင်လွှတ်တော် ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်(၄၈) နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၁-၄-၂၀၁၂ ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မူလမဲစာရင်းကို အခြေခံပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ပြုစုလျက်ရှိကြပါသည်။ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာမဲ ဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံပါက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်ခွင့်ရှိပါသဖြင့် မဲစာရင်းပြုစုရာတွင် မိမိအမည်မဲစာရင်း၌ ပါရှိစေရေးအတွက် ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ ပါတီများအနေဖြင့်လည်း မိမိတို့ စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
By: သစ်ထူးလွင်
http://feeds.feedburner.com/thithtoolwin/yIWV
ကူးတို့ဆိပ် မီးလောင်ပေါက်ကွဲမှုအား ဖော်ထုတ်ရန် အထူးခုံရုံးအဖွဲ့ ရုံးထိုင်
11-01-2012 6:00 AM
ရန်ကုန်တစ်မြို့လုံး
 တုန်လှုပ်ခဲ့ရသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်
မီးလောင်ပေါက်ကွဲမှုနှင့် ပတ်သက်၍ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဇန်နဝါရီလ
၁၀ ရက်တွင် ခုံရုံးဖွဲ့၍ ရုံးထိုင်စစ်ဆေးမှု စတင်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ
 အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အင်းစိန်မှုခင်းတပ်ဖွဲ့နှင့်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအောက်ရှိ
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဦးစီးဌာနတို့မှ ပြန်တမ်းဝင်
အရာရှိကြီးများပါဝင်သည့် အထူးစုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ ပြည်ထဲရေး
 ဝန်ကြီးဌာနရုံးဟောင်း (ယခုပတ်စပို့ရုံး)တွင် ရုံးထိုင်ကာ ယင်းအမှုအား
စစ်ဆေးနေကြောင်း အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဒီနေ့က
 တာမွေမီးသတ်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ အရာရှိတွေရယ်ကို စစ်မေးတယ်။
သူတို့ရဲ့ဖြေကြားချက်တွေကို အဖွဲ့က လေ့လာ သုံးသပ်ပြီး မကြာခင်
ထုတ်ပြန်မှာပါ”ဟု ယင်းရဲအရာရှိက ဆိုသည်။
ယင်းအဖွဲ့အနေဖြင့်
 အဆိုပါရပ်ကွက် အတွင်းနေထိုင်သူ ပြည်သူတစ်ချို့ကိုလည်း ခုံရုံးသို့ခေါ်၍
စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရဲအရာရှိက ဆက်လက် ပြောကြားသည်။
ကူးတို့ဆိပ်မီးလောင်ပေါက်ကွဲမှုအား
 ဖော်ထုတ်ရန် ဒု-သမ္မတစိုင်းမောက်ခမ်းမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ညွှန်ချုပ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာနိုင်ငံ) ၏
ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးညိန်းအား တာဝန်ပေးထားကြောင်း သိရသည်။
“ခုံရုံးဖွင့်ရတယ်ဆိုတာကလည်း BSI က ညွှန်ချုပ်တောင်းဆိုလို့ပါ”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဆိုသည်။
မီးလောင်ပေါက်ကွဲသည့်မြေနေရာတွင်
 အစိုးရချင်းသာ ချိတ်ဆက်ရောင်းဝယ်နိုင်ပြီး မီးလောင်ဗုံးနှင့်
စိတ်ကြွဆေးများ ထုတ်လုပ်ရာတွင် အသုံး ပြုသည့်  Red Phosphrous များ
တွေ့ရှိသည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်ဟု  yangon chronicle သတင်းကဆိုသည်။
By: သစ်ထူးလွင်
http://feeds.feedburner.com/thithtoolwin/yIWV
စစ်မှန်သော နိုင်ငံရေးသမား ကိုသာလျှင်
10-01-2012 8:25 PM
ဤသို့သောခေါင်းစဉ်ကိုတပ်၍  ရေး သားရခြင်းမှာယနေ့နိုင်ငံရေးလောကတွင်
လည်းအခြားသော စီးပွားရေး၊  လူမှုရေး၊ ဘာသာရေးလောကတွင်းမှ (အတုအ
ရောင်)များရှိခဲ့ခြင်း၊ ရှိနေခြင်း၊  ရှိနိုင်ဦး
မည်ဖြစ်ခြင်းကြောင့်စစ်မှန်သောနိုင်ငံရေး  သမားများနှင့် 
အတုအရောင်နိုင်ငံရေးသ မားများကို ကွဲကွဲပြားပြား၊ ခွဲခွဲခြားခြားလေ့ 
လာသိရှိနိုင်ကြရန်ဖြစ်ပါသည်။ လူတိုင်း သည် နိုင်ငံရေးသတ်္တ၀ါများဖြစ်ကြသည် 
ဖြစ်၍ နိုင်ငံရေးနှင့်ကင်းကွာ၍မရနိုင်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
 နိုင်ငံရေးနှင့်လူတို့သည် အကြောင်းတစ်ခု မဟုတ်၊ တစ်ခုနှင့်ဆက်စပ်ပတ်သက်၍ 
နေကြရသည်ဖြစ်သည်။
ထို့ကြောင့်နိုင်ငံရေးနှင့်မကင်းနိုင်သူ တိုင်း
နိုင်ငံရေးအကြောင်း၊  နိုင်ငံရေးသ မားတို့၏အကြောင်းများကို သိရှိထားကြ
ရန်အမှန်ပင် လိုအပ်သည်။  ဤသို့သိထား ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအတွက်
စစ်မှန်  သောနိုင်ငံရေးသမားများကိုစိစစ်ရွေးချယ် 
တာဝန်ပေးနိုင်ကြမည်ဖြစ်ပါသည်။စစ်မှန် သောနိုင်ငံရေးသမားများနှင့်ပတ်သက်၍ 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ပြောဆိုရှင်းလင်းချက်ကို 
သိထားရန်လိုမည်ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်၊ ဂျပန်နိုင်ငံ၊ ဟိုက်နန်ကျွန်းတွင် 
ရဲ ဘော်သုံးကျိပ်ဝင်များ စစ်ပညာသင်ကြား နေစဉ် အားလပ်သည့်ညနေခင်းတစ်နေ့ ၌ 
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်မှ ဗိုလ်ချုပ်အောင်ဆန်းအား 
““နိုင်ငံရေးဆို တာဘာလဲ၊ နိုင်ငံရေးသမားဆိုတာရော  ဘာလဲ၊ 
ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံရမှာလဲ”” ဆိုသည့်အမေးကို ဗိုလ် ချုပ်က 
““လူတိုင်းကတော့ ကိုယ့်ဘ၀ရပ် တည်ရေးကစပြီး ကိုယ့်အိမ်၊ ကိုယ့်ရပ် 
ကွက်/ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း ပြည်ကြီးတစ်ခုလုံးရဲ့ 
လူမှုရေးကိစ္စတွေပဲ၊ နိုင်ငံရေးစကားနဲ့ပြောရရင်တော့ လူတွေ စားမှုသောက်မှု၊ 
နေမှုထိုင်မှုအားလုံးဟာ နိုင်ငံရေးကြီးပေါ့ကွ”” ဟု ရှင်းပြခဲ့သည့် အပြင် 
ဆက်လက်၍ ဗိုလ်ချုပ်က နိုင်ငံ ရေးသမားဟူသည်-
(၁) တိုင်းပြည်ကျရောက်နေသည့်ဘေးကို တကယ်စွန့်စားပြီး ကယ်တင်ချင်တဲ့စိတ် ဓာတ်မျိုးအပြည့်ရှိရမယ်။
(၂) အလုပ်လုပ်ကိုင်တဲ့နေရာမှာ ရိုးသား မှုအပြည့်အ၀ရှိရမယ်။
(၃) စွန့်စားရမဲ့နေရာမှာလည်း ဇွဲသတ်္တိနဲ့ ပြည့်စုံပြီး ကိုယ်ကျိုးစွန့်လွှတ်ပြီး အသက် ကိုစွန့်ရဲတဲ့စိတ်မျိုးလည်း မွေးတတ်ရမယ်။
(၄) ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ ကိုပဲ အမှန်လို့မယူဆတဲ့ စိတ်ထားမျိုးရှိ ရမယ်။
(၅)
 ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုကိုယ်အားကိုး တဲ့ မျိုးချစ်စိတ်လဲရှိရမယ်။ 
စသည်ဖြင့် နိုင်ငံရေးသမားတို့၏ ထားရှိရမည့် စိတ် ဓာတ်နှင့် 
အရည်အချင်း(၅)ရပ်ကို ရှင်း လင်းဆွေးနွေးခဲ့သည်ဟု ဗိုလ်မင်းခေါင် 
(ကလောင်အမည်ရွှေတူ)က ၎င်းင်းဦးစီး ထုတ်ဝေသော ““ရွှေတူဂျာနယ်””အတွဲ(၁)၊ အမှတ် 
(၂)၊ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်တွင်““နိုင်ငံရေးသမားဟူသည်””ခေါင်း 
စဉ်ဖြင့် ရေးသားခဲ့သည်ကို မှတ်သားခဲ့ရ ပါသည်။ ဗိုလ်ချုပ်လမ်းညွှန်ခဲ့သော 
နိုင်ငံ ရေးသမားအစစ်အမှန်ဆိုသည်မှာ ထို အရည်အချင်းများနှင့် 
ပြည့်စုံရမည်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးသမား (အတုနှင့်အစစ်)
 ကွဲပြားခြားနားမှုများကို သေချာဂနပြန်လည်လေ့လာဆန်းစစ်ကြည့် သောအခါတွင် 
ဤသို့တွေ့ရှိရမည်ဖြစ်ပါ သည်။
နိုင်ငံရေးသမား(အတု)များသည် အပြောကောင်း
 ကြသော်လည်း  အကောင်းမပြောကြသူများဖြစ်သည်ကို တွေ့ရသည်။ ပြည်သူများအကြိုက်၊
 ရေ  ပေါ်ဆီလိုက်၍ ပြောဆို၊ လုပ်ဟန်ပြ၍ အတွင်း၌
မိမိအကျိုးရှိရာများကိုကြိတ်၍  ယူတတ်ကြသည်။ တစ်နည်းဆိုရသော်
ရှေ့တွင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးမျက်နှာ  နှစ်ဖက်
(ပေါ်လစီ)ကိုကျင့်သုံးတတ်ကြ သူများဖြစ်သည်။ လူတကာအထင်ကြီး အောင် 
ဟန်ရေးပြတတ်ကြသော်လည်း အများအတွက် တကယ့်အရေးပေါ်လာ သည့်အခါ 
အကြောင်းအမျိုးမျိုးပြ၍တာ ၀န်ကို ရှောင်လွှဲနေတတ်ကြသည်။အရေး ကြုံလျှင် 
ပုဆိုးခြုံထဲက လက်သီးပြတတ် သောလူစားမျိုးဖြစ်သည်။ အများပြည်သူ တို့အတွက် 
ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊ ကြိုးပမ်းဆောင်ရွက်ခြင်းမရှိ မျက်နှာရ 
မည့်အလုပ်မျိုးဆိုလျှင် နှမ်းဖြူး၍ လူကြီး နားကပ်၍ဖော်လံဖားကပ်္ပလီလုပ်တတ်ကြ
  သည်။ အများပြည်သူအတွက် အများ ပြည်သူအရေးခေါင်းထဲ၌မည်သည့်အခါမှ မစဉ်းစား၊
 စိတ်ကူးမထား၊ မိမိအတွက် မည်သို့ကြံဖန်၍အကျိုးရှိရာရှိကြောင်းများ ကိုသာ 
စဉ်းစားတွေးခေါ်လျက် ဖန်တီးမှု ပြုလုပ်၍ အခွင့်အရေးရယူရန်ကြိုးစားသူ ဖြစ်သည်။
  သူတို့သည် ရဲဘော်၊ ရဲဘက် စိတ်လုံးဝမရှိ၊ လူတန်းစားကိုယ်စားပြု 
နှလုံးသားနှင့် စာနာမှုမရှိအခွင့်သာလျှင် သာသလို မိမိအတွက်ဘနဖူးသိုက်တူး 
ကြမည့်သူများဖြစ်သည်။ သူတို့လိုအပ် သည့်အခါ ပြည်သူလူထုထံ အသနားခံ 
အောက်ကြို့၍ပြောဆိုတတ်ကြသလောက် ပြည်သူလူထုကတရားသဖြင့်ရရှိအပ်သော 
အခွင့်အရေးကို ရရှိရန်တင်ပြဆွေးနွေး ဆောင်ရွက်ပေးရန် တင်ပြလျှင်မသိတော့ 
သလို၊ မတန်သလိုပြောဆိုဆက်ဆံလိုကြ သည်။ အချို့ဆိုလျှင် မရှိသောအာဏာ 
ပါဝါသံဖြင့် ဟိန်းဟောက်ပြောဆိုခဲ့ကြ သည်။ ဤလိုလူတွေက နေရာအတော် 
များများတွင် နိုင်ငံရေးသမားအမည်ခံ၍ နိုင်ငံရေးလုပ်နေကြသည်။
စစ်မှန်သောနိုင်ငံရေးသမားဟူသည်
 ဖော်ပြခဲ့သော(အတုနိုင်ငံရေးသမားများ  တို့နှင့်အတူသောအပြုအမူ၊အကျင့်အကြံ၊
နေထိုင်ပြောဆိုမှုတို့မှအစ စိတ်နေ  သဘောထားလက်တွေ့လုပ်ရပ်များနှင့်
(ပြောင်းပြန်)ဖြစ်သည်ဟု အကျဉ်းအား  ဖြင့်  မှတ်သားကြရန်ဖြစ်ပါသည်။ စစ်မှန်
သောနိုင်ငံရေးသမားဆိုသည်မှာ ဥပမာ  အားဖြင့်ဥဒဟဂုဏ်ဆောင်၍တင်ပြရလျှင်
မြန်မာနိုင်ငံ၏မျိုးချစ်ပုဂိ္ဂုလ်၊  ငြိမ်းချမ်းရေး
ဘခင်ကြီးဖြစ်သောဆရာကြီးသခင်ကိုယ် တော်မှိုင်းနှင့်  အာဇာနည်ခေါင်းဆောင် ကြီး
 သခင်မြတို့၏ သဘောထားကိုတင် ပြလိုသည်။ တစ်ချိန်က  သမ္မတကြီးစော
ရွှေသိုက်တာဝန်ပြီးဆုံးကာနီးတွင် သမ်္မတ အသစ်တင်ရန်  စဉ်းစားခဲ့ကြစဉ်က သခင်
ဝတင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို  အဆိုပြုသည့်အခါ ဆိုရှယ်လစ်ခေါင်း
ဆောင်အချို့က ဆရာကြီးဟာ ကွန်မြူ နစ်တွေနဲ့  နီးစပ်သူဖြစ်သည်ဟုဆိုကာ
ပယ်ချခဲ့သည်။ ထိုအကြောင်းကို သခင် ၀တင်က  ဆရာကြီးသဘောကိုမေးကြည့် ခဲ့ရာ
““အားလုံးက သဘောတူပြီးဆရာ့ကို  သမ္မတလုပ်ခိုင်းရင်တောင် ဆရာမလုပ်ပါ ဘူးကွာ။
ဆရာက အာဏာရှိတဲ့အလုပ် ဆိုရင်  တစ်ပဲသားလောက်ပဲရှိရှိ ဘယ်လို
မှမလုပ်ချင်ပါဘူး”” ဟုပြောခဲ့သည်ကို  သခင်ဝတင်၏ အတွေ့အကြုံတင်ပြချက်
တစ်ခုကို မှတ်သားခဲ့ရပါသည်။ ထို့အတူ  အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ် သော
 သခင်မြသည်လည်း စစ်မှန်သော  နိုင်ငံရေးသမားကောင်းတစ်ဦးအဖြစ်ဝိဇူရ
သခင်ချစ်မောင်ပြုစုသည့် ““အမျိုးသား  အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ”” စာ
အုပ်တွင် သခင်ဝတင်က ဂုဏ်ပြုရေးသား  ခဲ့သည်မှာ သခင်မြသည် နာမည်ကြီးချင်
တာကိုအောင့်ထားနိုင်သည်။ ပိုက်ဆံချမ်း  သာချင်တာကို အောင့်၍ထားနိုင်သည်၊
အသောက်အစား၊ လောင်းကစားမှု၊  ပျော်ပါးမှုကင်းစင်သည်။ ၀င့်ဝင့်ဝါ၀ါမရှိ
ဖြစ်သလိုနေနိုင်သည်။ ၀တ်နိုင်၊  အိပ်နိုင် သည်။ လိုချင်သည်ကို
အောင့်၍ထားနိုင် သည်။ ဘယ်နေရာတွင်မှ  မာန်မာနမရှိ၊
စိတ်ဆိုးစရာကိုအောင့်နိုင်သည်။ တစ်စုံ တစ်ရာတွင်  ပြဿနာနှင့်ကြုံတွေ့ပါက
အမှန်ဆုံးဖြစ်အောင် စဉ်းစားချင့်ချိန်၍  ဆုံးဖြတ်နိုင်သည်။ ဆိုခဲစေ၊
မြဲစေဆိုသည့် အတိုင်း စကားကိုအလွန်အကျွံဘယ်ခါမှ 
မပြော၊လူသားထဲမှအကောင်းဆုံးလူသား တစ်ဦးကို လက်ညှိုးထိုး၍ ပြစမ်းပါဟုဆို 
လျှင်(စစ်မှန်သောနိုင်ငံရေးသမားဟောင်း) သခင်မြအား စံပြနမူနာလူသားအဖြစ်ပြ 
နိုင်ပါသည်ဟူ၍ တင်ပြခဲ့သည်မှာလည်း မှတ်သားဖွယ်ရာပင်ဖြစ်ပါသည်။
ထို့အပြင်ရှေးလူကြီးသူမများက
 ဆိုဆုံးမခဲ့သည်မှာ ““တင်လဲပျားသကာနှင့် 
စီရင်ထားတဲ့နတ်သုဒ္ဓာတမျှရသာပြည့်စုံသော ခဲဘွယ်ဘောဇဉ်အထဲ မစင်တစ်ပဲသားမျှ 
ကျပါက ထိုခဲဘွယ်ဘောဇဉ်မှာ စွန့်ပစ်ရ ကြောင်း။ ခါးတောက်မြစ်ယက် စိုက်ရော 
ဖက်က သရက်ပင်မင်း သီးချိုကင်း၏”” ဆိုသောလင်္ကာအရသရက်သီးရဲ့အရသာ ကို 
ခါးတမာတွေက မည်သို့ဖျက်ဆီးတတ် ကြသည်ကို သိခဲ့ကြပြီးဖြစ်ပါသည်။ မည် 
သည့်ဘာသာတွင်ဖြစ်စေ၊မည်သည့်ကျမ်း စာများပင်ဖြစ်ဖြစ် ကောင်းမြတ်သည့်သူ 
သူတော်စင်တွေကြားထဲ မကောင်းမှုပြု သည့်လူတစ်ယောက် ရောလျက်ရှိလာ လျှင် 
လူကောင်းများဒုက္ခတွေ့ကြုံရသည့် ဆို့သည့်အကြောင်းဆုံးမ ရေးသားထား သည်များကို
  တွေ့ရှိကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် အများပြည်သူတို့၏ အကျိုးအတွက်
 သာမာန်လူတွေမလုပ်နိုင် ဘဲ  ““နိုင်ငံရေးဆိုတာ ပရဟိတလုပ်ငန်း၊
လောကတ္တစရိယကျင့်တဲ့လုပ်ငန်း၊ ဒါဟာ  ဒွိဟိတ်ပုဂိ္ဂုလ်တွေ မလုပ်နိုင်ဘဲ
တိဟိတ် ပုဂိ္ဂုလ်များ၊ ဘုရားအလောင်းမှသာ  လုပ်နိုင်တဲ့လုပ်ငန်းလို့
ယူဆပါတယ်”” ဟူ ၍ မြန်မာပြည်သို့ ခေတ္တရောက်ရှိလာ  သော
အိနိ္ဒယဘုရင်ခံချုပ်လော့လူဝီ မောင့်ဘက်တန်ကို နိုင်ငံရေးသမားများ 
နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ရှင်းလင်းပြောကြားချက်များကိုလည်း 
သတိပြုကြရန်လိုအပ်လှပေသည်။ ဖော် ပြခဲ့သည့်အတိုင်း အလွန်မွန်မြတ်လှသည့် 
စစ်မှန်သော နိုင်ငံရေးသမားကောင်းတို့ ၏လောကတွင်းသို့အများပြည်သူအကျိုး 
မကြည့်၊ မိမိအတ္တကိုယ်ကျိုးအတွက်သာ အခွင့်ထူးခံရေး၊ အခွင့်အာဏာရရှိရေး၊ 
ယုတ်စွအဆုံး(ရပ်/ကျေးအဆင့်အုပ်ချုပ် ရေးမှူးများ) တာဝန်ရရှိရေးမှ လွှတ်တော်
 အဆင့်ဆင့်တို့၌ အမတ်နှင့်ဝန်ကြီးဖြစ်ရေး လောက်သာရည်မှန်း၍ (အတုနိုင်ငံရေး
 သမား)များကဆန်အိတ်ထဲကြွက်ချေးများ ရောမိလာမည်ကို သတိပြုသင့်ကြပေ သည်။ 
သို့ဖြစ်ပေရာစစ်မှန်သောနိုင်ငံရေး လောကကြီး ထိုသူများကြောင့် ဒုက္ခတွေ့ ပြီး
  မပျက်စီးသွားရလေအောင် နိုင်ငံရေး ပါတီတိုင်းနှင့် အများပြည်သူအပေါင်းတို့
  သည် စစ်မှန်သော နိုင်ငံရေးသမားများ ကိုသာလျှင်စိစစ်ရွေးချယ်အားပေးထောက် 
ခံကူညီသွားသင့်လှပါကြောင်း သတိပေး တင်ပြရေးသားရပါကြောင်း။
စောကျော်အေး(ပန်းဘဲတန်း) hotnewsweekly
http://feeds.feedburner.com/thithtoolwin/yIWV
အဝေးပြေးကားဝင်းအ၀င်လမ်း၌ အုပ်စုဖွဲ့၍ မသမာမှုများ လုပ်ဆောင်လျက်ရှိနေကြ
10-01-2012 7:31 PM
အုပ်စုဖွဲ့ ပုံမှားရိုက်ကာ မသမာမှုများ လုပ်ဆောင်နေသည့် သီရိမန္တလာကားကြီးဝင်း အ၀င်လမ်းဖြစ်သည့် ၈၉ လမ်းနှင့်၂၆ လမ်းဆုံကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့ အနောက်ဘက်ရှိ သီရိ မန္တလာအဝေးပြေးကားဝင်း အ၀င်လမ်း ဖြစ်သော ၈၉ လမ်းနှင့် ၂၆ လမ်းဆုံရာ တစ်ဝိုက်တွင် အုပ်စုဖွဲ့ကာ ပုံမှားရိုက် အရောဝင်ပြီး မသမာမှုများလုပ်ဆောင် မှုများရှိနေကြောင်း ကိုယ်တွေ့ကြုံရသူများ ပြောကြားချက်အရ သိရသည်။
"ကားကြီးကွင်းရှိတဲ့ ၈၉ လမ်းအတိုင်း ကျွန်တော် လမ်းလျှောက်ပြီး ပြန်လာတော့ လူတစ်ယောက်က အသိလိုလိုနဲ့ လှမ်းခေါ်ပါတယ်။ "ဘယ်ကပြန်လာတာလဲ၊ သူ့ကိုမမှတ်မိဘူးလားနဲ့ အရောဝင်ပါတယ်။ အဲဒီလို အချိန်မှာပဲ နောက်တစ်ယောက် ထပ်ရောက်လာပြီး မကောင်းတဲ့ မိန်းမနဲ့ ပျော်ပါးချင်လို့ လိုက်ပို့ပေးနိုင်မလား ဆိုပြီး အဲဒီလူကို လာ ပြောရော။ အဲဒီမှာတင် ပထမလူက ကျွန်တော့ကို တိုးတိုးကပ်ပြောပြီး ဟိုလူကိုခေါ်သွားပြီး ဖဲလိမ်ရိုက်ရအောင်လို့ ပြောပြန်တယ်။
"ကျွန်တော်လည်း အစကတော့ ငြင်းသေးတယ်၊ ဒါပေမယ့် ခဏနေ တော့ လူက မြောနေသလိုဖြစ်သွားတယ်။ စိတ်ထဲမှာလည်း ဟိုလူဖဲလိမ်ရိုက်ခံရတော့မှာပဲ၊ သူ့မှာပါတဲ့ ပိုက်ဆံကုန်တော့ မှာပဲဆိုတဲ့ စိုးရိမ်စိတ်ပဲ ၀င်နေမိတယ်"ဟု အဆိုပါ ကားကြီးဝင်းအနီးတွင် နေထိုင်သော အသက် ၃၀ နှစ်ခန့်ရှိ ကိုငယ်လေးက ယခုလ ၃ ရက်နေ့က ပြောသည်။
၎င်းမှာ ထိုအဖြစ်အပျက်ကို ပြီးခဲ့သောဒီဇင်ဘာလကုန်က ကြုံတွေ့ခဲ့ရ ခြင်းဖြစ်ပြီး အဆိုပါလူနှစ်ယောက်နှင့် အတူ ၁၉ လမ်းဘက်ရှိ အိမ်တစ်အိမ်သို့ ပါသွားခဲ့ကြောင်း၊ အဆိုပါ အိမ်သို့ အရောက်တွင် ပထမလူက ဖဲကစားကြရန်ပြောပြီး ကိုငယ်လေးတွင် ပါလာသော လိမ္မော်သီးအလုံး ၃၀ ပါအိတ်ကို ဖွင့်၍ အခြားရှိနေသူများကိုပါ ဝေငှစား စေကြောင်း၊ ၎င်းအိမ်ရှိ ဘုရားစင်ကို မြင်မှ ကိုငယ်လေးမှာ ၎င်းတို့အိမ်ကို ပုံမှန် ဆွမ်းခံကြွသော ဦးပဉ္ဇင်းတစ်ပါး၏ ကျောင်းတိုက်မှာ အဆိုပါအရပ်တွင်ရှိကြောင်း အသိစိတ်ပြန်ဝင်လာပြီး အဆိုပါ အိမ်မှဇွတ်ပြန်လာခဲ့ရကြောင်းဆိုသည်။
"အဲဒီအချိန်မှာ ဘာကြောင့်တော့ မသိဘူး၊ လူကလည်း မြောနေသလိုပါပဲ။ အခုနောက်ပိုင်းလည်း အဲဒီလူတွေကို တွေ့နေရတာပဲ၊ ပိုတောင်ရဲတင်းနေကြသေးတယ်။ များသောအားဖြင့် ကားကြီးဝင်းအ၀င်လမ်းဖြစ်တဲ့ ၈၉ လမ်းပေါ်၊ ၂၅ လမ်းနဲ့ ၂၆ လမ်းကြားမှာ အများဆုံး တွေ့ရတယ်။ "နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စု စုပြီးရပ်နေကြတာ။ သူတို့က ပျောက်သွားလည်း ခဏပဲ၊ ပြီးရင် ပြန်ရောက်လာကြတာပဲ။ ပိုက်ဆံပါတဲ့ လူထင်ရင် ဇွတ်လှမ်းခေါ်ပြီး ရောတယ်။ ဘေးပတ်ဝန်းကျင်ကလည်း သိနေကြတာပဲ။ ဒါပေမယ့် ဘာမှ ၀င်မပြောရဲကြပါဘူး။ ဒီဘက်ရပ်ကွက်တွေမှာ အဲဒီလိုနဲ့ ခံလိုက်ရတဲ့သူတွေ ရှိပါတယ်"ဟု ကိုငယ်လေးက ဖြည့်စွက် ပြောသည်။
၎င်း ၈၉ လမ်းနှင့် ၂၆ လမ်းဆုံရာ အနီးရှိ အရပ်အခေါ် နေရှင်နယ်ဝင်းအတွင်း နေထိုင်သူတစ်ဦးမှာလည်း လွန်ခဲ့သော နှစ်ပတ်ခန့်က ဆီပုံးဖြင့် ဆီဝယ်သွားရာမှ အဆိုပါအဖြစ်အပျက်မျိုး ကြုံတွေ့ရပြီး လိုက်ပါသွားကြောင်း၊ ထို့နောက် ဖဲကစား ဖြစ်ခဲ့ရာ ပါရှိသွားသော ငွေနှစ်သိန်းကျော်မှာ ကုန်သွားခဲ့ကြောင်း သိရသည်။
"ဒီတစ်ဝိုက်မှာလာကြည့်ရင် အဲဒီလို လူတွေကို တွေ့ရမယ်၊ သိသာပါတယ်။ အရေးတယူလုပ်ပြီးလည်း တိုင်ရဲတဲ့သူက မရှိကြပါဘူး၊ ကျွန်တော်တို့လည်း တွေ့ပေမယ့် ဒီအတိုင်းပဲ ကြည့်နေရတာ ပဲ"ဟု ၈၉ လမ်းပေါ်တွင် နေထိုင်သူ တစ်ဦးက ဖြည့်စွက်ပြောသည်။
ဖြိုးဝေကျော်(မြန်မာ့တိုင်းမ်)
http://feeds.feedburner.com/thithtoolwin/yIWV
NLDပါတီ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည်
10-01-2012 7:08 PM
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများအား ဇန်န၀ါရီလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပါတီသို့စာရင်းပေးသွင်းရမည် ဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများအား ပြည်နယ်နှင့် တိုင်းများတွင်ရှိသော အဖွဲ့ဝင်များမှ တင်သွင်းလာကြမည် ဖြစ်ပြီး၊ဇန်န၀ါရီလ ၁၁ ရက်နေ့ထိ နောက်ဆုံးထားတင်သွင်းနိုင်ကြောင်း သိရှိရသည်။
အဆိုပါ ပါတီမှရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများမှာ ဧပြီလ ၁ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ဇန်န၀ါရီလ ၉ ရက်နေ့တွင် နာယက (၅) ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ (၇) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
နယကကြီးများအဖွဲ့တွင်  ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးသန်းထွန်း၊ ဦးလှဖေ ၊ဦးညွန့်ဝေ တို့ဖြစ်မှပါဝင်ပြီး  ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်  ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဥာဏ်ဝင်း ၊ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်နှင့် ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပါတီဝင်အသစ်များကို လက်ခံခဲ့ပြီး၊နယ်ဒေသများသို့လည်း ပါတီဝင်လျှောက်လွှာ တသန်း ဖြန့်ချိပေးခဲ့ကြောင်း သိရှိရသည်။ အန်အယ်ဒီပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်အသစ်များကိုလည်း တိုးချဲ့သွားရန် အစီစဉ် ရှိကြောင်း  သိရှိရသည်။
ဇန်န၀ါရီလ ၆ ရက်နေ့တွင် မှတ်ပုံတင်ကျခဲ့ပြီး၊ ဇန်န်ဝါရီလ ၉ ရက်နေ့တွင် ဆိုင်းဘုတ်အသစ်၊ အဖွဲ့ဝင်အသစ်တို့ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။
အန်အယ်ဒီပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့သော်လည်း ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီဖြစ်သည်။
မေသင်္ကြန်ဟိန်၊ ၀င့်သင်ဇာကျော်(မြစ်မခ)
http://feeds.feedburner.com/thithtoolwin/yIWV
တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံ
10-01-2012 7:04 PM
အခုတစ်လော
  စာပေဟောပြောပွဲအချို့ လိုက်ဟောရင်း ဟင်္သာတ ဇလွန်စာပေ ခရီးမှာ 
ဆရာဦးအောင်သင်းနဲ့ ပြန်ဆုံခဲ့တယ်ဗျ။ အင်မတန် အဟောအပြော ကောင်းတဲ့ဆရာ 
ဦးအောင်သင်းက ကျွန်တော့်ကို သတင်းစာ၊ ဂျာနယ်အလုပ် တွေနဲ့ပဲ နစ်မြုပ်နေပြီး
  ရသစာပေ မရေးရကောင်းလားလို့ တပျစ် တောက်တောက် ဝေဖန်တာကို လှိမ့်ပြီး 
ခံခဲ့ရတယ်ဗျာ။ သူနဲ့ အတူ ခရီးသွားရင်း  လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က စာပေ 
ဟောပြောပွဲတစ်ခုမှာ ဆရာအောင်သင်း ပြောပြခဲ့တဲ့ 
အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ပြန်ပြီး သတိရနေမိတယ်ဗျ။
နှစ်ပေါင်းများစွာ ယဉ်ပါး
   အဲဒီဟောပြောချက် အနှစ်ချုပ်က နိုင်ငံခြားသား စာရေးဆရာတစ်ယောက်
သူ့ကိုယ်သူ  တွေ့ရှိသွားခဲ့ပုံအကြောင်း ဖြစ်တယ်ဗျ။ အဲဒီစာရေးဆရာရဲ့အိမ်က
တံခါးမကြီးဟာ  နှစ်တွေကြာ ရာသီဥတုက တိုက်စားတော့ တံခါးပေါက်နဲ့
အံကျမဖြစ်တော့ဘူး။  အပြင်ကို ထွက်တိုင်း အပြင်က ပြန်လာတိုင်း
အိမ်ထဲဝင်တဲ့အခါ အဲဒီတံခါးမကြီးဟာ  အားနဲ့မပြီး ဖွင့်မှရတယ်။ ဒါတောင်
တကျွိကျွိနဲ့ အသံမျိုးစုံက မြည်သေးတယ်။  အဲဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ
 ကြာပြီ။ စာရေးဆရာတို့ တစ်အိမ်သားလုံးဟာ  အဲဒီတံခါးကြီးရဲ့ တကျွိကျွိ
မြည်သံနဲ့ ကောင်းကောင်းကြီး ယဉ်ပါးနေကြပြီ။
တကျွိကျွိကို လွမ်းသလိုလို
   တစ်နေ့တော့ စာရေးဆရာဟာ လေးငါးခြောက်ရက်လောက်ကြာတဲ့ ခရီးရှည်တစ်ခု 
ထွက်သွားတယ်။ ခရီးက ပြန်ရောက်လာပြီး အိမ်ထဲဝင်ဖို့ အဲဒီတံခါးမကြီးကို 
ဖွင့်လိုက်တော့ တံခါးက ကျွိကျွိမမြည်တော့ဘူး။ လျှောခနဲ အသာလေးပွင့်သွားတယ်။
  အဲဒီ ပထမဆုံး အတွေ့အကြုံမှာတော့ စာရေးဆရာ ဟာ ဘာမှထူးထူးခြားခြား 
မခံစားရဘူး။ ဒါပေမယ့် နောက်နေ့ နောက်နေ့ တွေမှာလည်း တံခါးက 
ဖွင့်လိုက်တိုင်း အဲသလိုပဲ အလွယ်တကူ လျှောခနဲ လျှောခနဲ ပွင့်သွားတဲ့အပေါ် 
စာရေးဆရာက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလာရတယ်။ သူ့ရဲ့ မသိစိတ်ထဲမှာ 
တံခါးပွင့်တိုင်း အရင်က နှစ်ပေါင်းများစွာ ယဉ်ပါးလာခဲ့သလိုပဲ 
တကျွိကျွိမြည်ပြီးမှ ပွင့်သွားတဲ့ အတွေ့အကြုံကို လွမ်းဆွတ်သလိုလို 
ခံစားနေရတယ်။ အခုအချိန်မှာ ပွင့်လိုက်တာနဲ့ တံခါးက ဘာသံမှ မကြားဘဲ လျှောခနဲ
  အလွယ်တကူပွင့်သွားတဲ့အပေါ် သူ့ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး 
သူ့မှာအပြစ်ရှိသလိုလို ဘာလိုလို ခံစားနေရတယ်။
အဟောင်းဆွဲငင်မှုက ရုန်းထွက်ဖို့
   အဲဒီစာရေးဆရာဟာ နောက်ပိုင်းမှာ အဲသလို ဘာကြောင့်ဖြစ်ရ သလဲ ဆိုတာကို 
ပြန်သုံးသပ်ကြည့်တော့ အဟောင်းမှာ ခေါက်ရိုးကျိုး အရိုးစွဲနေကြတဲ့ 
လူသားတွေရဲ့ သဘာဝတစ်ခု၊ ]အသစ်}က လွယ်ကူချောမွေ့တယ်ဆိုရင်တောင်မှ ခက်ခဲတဲ့ 
]အဟောင်း}ရဲ့ ဆွဲငင်မှုထဲက ရုန်းထွက်ဖို့ ခက်ခဲလေ့ရှိကြတဲ့ 
သဘာဝတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားခဲ့တယ်လို့  ဟောပြောခဲ့တာ ဖြစ်တယ်ဗျ။
   အခုဆိုရင် ခရစ်နှစ် ပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး 
သွားခဲ့ပြီဗျာ။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့ အလုပ်ဟာ ဘယ်အချိန်
 ဘယ်အခါမျိုးမှ လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုပြီး သတ်မှတ်မထားပေမယ့် 
ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ လူသားတွေဟာ ဒီအလုပ်ကို နှစ်ဟောင်း အကုန်
 နှစ်သစ်အစမှာ လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ အထူးသဖြင့် နှစ်သစ်တစ်ခုအရောက်မှာ
 အဲဒီအလုပ်ကို မှတ်မှတ်ရရ အလေးအနက် ထားပြီး လုပ်လေ့ရှိကြတာဖြစ်တယ်ဗျ။ 
ဒါကြောင့် ကျွန်တော်လည်း အခုလို နှစ်သစ်ကူးအခါသမယမှာ ကိုယ့်ကိုယ်ကိုယ် 
ရပ်တန့်စစ်ဆေးတဲ့ အလုပ်ကို ခါတိုင်းထက် အချိန်ပိုပေးပြီးလုပ်ဖြစ်ခဲ့တယ်ဗျာ။
  ချစ်စွာသော စာဖတ်ပရိသတ် များ အပါအ၀င် မြန်မာပြည်သူအားလုံးလည်း အဲသလို 
လုပ်ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်ဗျာ။
သံသယနဲ့ မနာလိုမှု
   မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ 
လူမျိုးတွေဟာ သံသယနဲ့ မနာလိုမှုအားကြီးတယ်လို့ ပြောဆိုခဲ့ကြောင်း ကျွန်တာ် 
ဖတ်ခဲ့ဖူးတယ်ဗျ။
    ဗိုလ်ချုပ်အောင်ဆန်းစကားဆိုရင် ဘယ်တော့မှ 
မမှားဘူးလို့ မပြောနိုင်တာ မှန်ပေမယ့် ဗိုလ်ချုပ် တိုင်းပြည်ကို  
ဘယ်လောက်အထိ  ချစ်မြတ်နိုးတယ်။ အသက်အရွယ်နဲ့မလိုက်အောင် အရည်အသွေး ဘယ်လောက်
  ထူးချွန် ထက်မြက်တယ်။ ဘယ်လောက်ရိုးသားဖြူစင်၊ အာဃာတ၊ မာန်မာန 
ကင်းစင်တယ်ဆိုတဲ့ အများလက်ခံထားကြပြီးသား လေးစား ချက်တွေအရ ဗိုလ်ချုပ်ရဲ့ 
အဲဒီစကားဟာ ကျွန်တော်တို့ အသေအချာ အလေးထား ဆင်ခြင်သုံးသပ်ရမယ့် 
စကားဖြစ်တယ်လို့ ကျွန်တော်တော့ ယူဆတယ်ဗျာ။
ပြည်သူတွေရဲ့ မျှော်လင့်ချက်
   အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ 
ဒီမိုကရေစီရေးဦးတည်တဲ့ အပြောင်းအလဲတွေကို စတင်မြင်တွေ့နေရတဲ့ အချိန် 
ဖြစ်တယ်ဗျာ။ ရာစုတစ်ဝက်နီးပါးကာလအတွင်း ဒီလိုမြင်ရတာ (တစ်နည်း) 
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အခုလောက် ခိုင်ခိုင် မာမာ တောက်ပ 
လင်းလက်နေတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား 
ဆိုချင်တယ်ဗျ။
လွတ်လပ်စွာသံသယဖြစ်ခွင့်
 သမိုင်းအတွေ့အကြုံတွေကြောင့် လက်ရှိ အစိုးရအပေါ်ကိုရော 
လူထုခေါင်းဆောင်တွေအပေါ်ကိုပါ သံသယစိတ်ရှိသူတွေ ရှိနေကြ ဦးမယ်ဆိုတာ 
ကျွန်တော် နားလည်နိုင်တယ်ဗျ။ ဒီမိုကရေစီက သဘောထားကွဲပြားမှုရှိတာကို 
လက်ခံသဘောတူ agree to disagree တာမို့ လွတ်လပ်စွာ သဘောထားကွဲပြားခွင့်၊ 
လွတ်လပ်စွာ သံသယဖြစ်ခွင့်ရှိတာကို ကျွန်တော် လက်ခံပါတယ်။
 ဒါပေမယ့် သံသယဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုရင်တော့ အဲဒီသံသယကို 
ရင်ဝယ်ပွေ့ထားရသူကိုယ်တိုင် ပူပြင်းလောင်မြိုက် ရမှာ ဖြစ်သလို 
သူ့ပတ်ဝန်းကျင်ကလူတွေဟာလည်း အဲဒီအပူရှိန်ကြောင့် ဝေဒနာခံစားကြရမှာ 
ဖြစ်တယ်ဗျ။
ရေကူးပြီးလိုက်နေမယ့်အစား
    ဒီဇင်ဘာလ 
၁၀ရက်နေ့က  ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆု ချီးမြှင့်ခံရမှု 
အနှစ်နှစ်ဆယ်ပြည့် ဂုဏ်ပြုပွဲမှာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က 
ဒီမိုကရေစီပန်းတိုင်ဆီသို့ လျှောက်လှမ်းရာမှာ မိမိတို့နဲ့ 
အမြင်ချင်းမတူသူတွေကို ]]ရေကူးပြီး လိုက်နေမယ့်အစား ဒေါ်အောင်ဆန်း စုကြည် 
ပဲ့ကိုင်နေတဲ့ လှေကြီးပေါ်တက်လိုက်ပြီး ၀ိုင်းကူလှော်ကြပါ။ လှော်တဲ့သူ 
ပိုများလာရင် ပန်းတိုင်ကို ပိုပြီးမြန်မြန်ရောက်ပါလိမ့်မယ်}} လို့ 
ကမ်းလှမ်းခဲ့တယ်ဗျ။
    ဒီမိုကရေစီဟာ 
ငြိမ်းချမ်းစွာလုပ်ဆောင်နေသမျှကာလပတ်လုံး မတူကွဲပြားခြားနားတဲ့ 
အမြင်သဘောထားထုတ်ဖော်မှုတွေကို လက်ခံ ရုံသာမက 
ကာကွယ်စောင့်ရှောက်မှုပါပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ 
ပန်းတိုင်ဆီသို့ ရေကူးပြီး အရောက်လှမ်းနေသူတွေကို လည်း အပြစ်ဆိုစရာ 
အကြောင်း မရှိဘူးဗျ။ လှေကို နောက်က ဆွဲမထားဘူးဆိုရင်ပေါ့ဗျာ။
မနာလိုတာ အကုသိုလ်စိတ်
   ဗိုလ်ချုပ်ပြောခဲ့တဲ့ စိတ်ထားနှစ်ခုမှာ သံသယသာလျှင် အလေးထား 
ဆွေးနွေးအပ်တဲ့အကြောင်းအရာဖြစ်ပြီး မနာလိုဝန်တိုမှုဆိုတာကတော့ 
အကုသိုလ်စိတ်တစ်မျိုးသာဖြစ်တာကြောင့် အကျယ်ချဲ့ ဆွေးနွေးစရာမရှိဘူးဗျ။ 
ဒေါ်အောင်ဆန်းစုကြည်ကတော့ မုဒိတာစိတ်ထားကို လူတိုင်းထားနိုင်ရင် လောကကြီး 
ငြိမ်းချမ်းမယ်လို့ ပြောသွားတယ်ဗျာ။ မနာလိုဝန်တိုမှုရဲ့ ဆန့်ကျင်ဘက်ဟာ 
မုဒိတာစိတ်ပဲဗျ။
ယုံကြည်မှု ရှေ့တန်းတင်ပါ
 သံသယအကြောင်းဆက်ပြောရရင် ကျွန်တော်ကတော့ ယုံကြည်မှုမရှိရင် ဘာအလုပ်မှ 
ရှေ့ဆက်လုပ်မရဘူးလို့ ယုံကြည်လက်ခံထားသူဖြစ်တယ်ဗျ။ ဒါကြောင့် ဒီကနေ့ 
ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ အကြောင်း စဉ်းစားတဲ့အခါ 
ကျွန်တော်က သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး
 လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို 
အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက 
ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ။ အခုအချိန်မှာ ကျွန်တော်တို့ 
ပြည်သူတွေအနေနဲ့  တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံကို စွဲလမ်းမနေသင့် 
တော့ဘူး ထင်တာပဲဗျာ။
 မောင်ဝံသ ၀၃ ၀၁ ၂၀၁၂
The Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
http://feeds.feedburner.com/thithtoolwin/yIWV
ပရိသတ် အကြိုက်ဆုံး ဆုရ ဒါရိုက်တာ ဝိုင်းရဲ့ ဇာတ်ကား အပေါ် ဆင်ဆာ အဖွဲ့ဝင်ဟောင်း တစ်ဦးရဲ့ အမြင်
10-01-2012 6:14 PM
ဒါရိုက်တာ
 ဝိုင်း ရိုက်ကူးတဲ့ ‘အဲဒီအခန်း ဖြတ်’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဆရာ ဒေါက်တာ
ခင်မောင်လွင်ရဲ့ ခံစားချက် အမြင်ကို မေးကြည့်တော့ ”ဒီဇာတ်ကား နိဂုံးမှာ ရေး
 သားထားတဲ့ အတိုင်း မကြောက်မရွံ့ သရုပ်ဆောင်ပေးသော သရုပ်ဆောင်များကို
ကျေးဇူးတင်တယ် ဆိုတဲ့စကားကို သဘောကျတယ်။ ဘာလို့လဲဆိုရင် သရုပ်ဆောင် ဆိုတာ
သရုပ်ပါအောင် လုပ်ရတယ်။ သရုပ်ပါအောင် လုပ်တဲ့ နေရာမှာ သူ့ရဲ့ပင်ကို
အနုပညာနဲ့ ဖျော်ဖြေ ရတဲ့သဘော ရှိတယ်။ မှတ်ချက် အနေနဲ့ တကယ် အဖြစ်မှန်က
ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆင်ဆာ အဖွဲ့မှာ ၁၉၉၈ ကနေ
၂ဝ၁ဝထိ လုပ်ခဲ့တယ်။ ဆင်ဆာ အဖွဲ့ထဲမှာတော့ ဒီလိုမျိုး မဟုတ်ဘဲ ပွင့်ပွင့်
လင်းလင်း ညှိနှိုင်း ဖြေရှင်းရတာတွေ ရှိပါတယ်။ ဒီမိုကရေစီ စနစ်ကို
ကျင့်သုံးရတဲ့ အပိုင်းတွေလည်း ရှိတယ်။ လက်သီးထိုး မယ့်အစား ဆုံးဖြတ်ချက်
ချတဲ့နေရာမှာ တစ်ယောက်ကို တစ်ယောက် သဘော မတူညီတဲ့ အချက်တွေ ရှိပေမယ့်
အများဆန္ဒနဲ့ ဆုံးဖြတ်ကြပါတယ်။ အများနဲ့ တစ်ယောက်ဖြစ်ရင် အရှုံးပေး
ရတာမျိုးတွေ ရှိတယ်။ ဌာန ဆိုင်ရာတွေရဲ့ လုပ်ထုံး လုပ်နည်းတွေ ကြားထဲမှာ
ရုန်းမထွက်နိုင်ခဲ့ တာတော့ အမှန်ပါ။ အခုဆိုရင် ဆင်းရဲမွဲတေတဲ့ အပိုင်းတွေ၊
ဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိတဲ့ အခန်းတွေကို နိုင်ငံတော်ကိုယ်၌က
ပွင့်ပွင့်လင်းလင်း ပြောလာပါပြီ၊ ၂ဝ၁၁ခုနှစ် ဆွေးနွေးတဲ့ အချိန်မှာ
ပွင့်ပွင့်လင်းလင်း ပဲပြောကြတယ်။ တိုင်းပြည် တိုးတက် စေချင်ရင် အမှန်ကို
မြင်ဖို့ လိုတယ်။ အခြေအနေမှန်ကို တင်ပြပေးတဲ့ အနုပညာ သမားတွေကို
ကျေးဇူးတင်တယ်။ ရှုထောင့် အရပြောရရင် အနုပညာက လူအများ ကြိုက်ရမယ်။ စာရေးဆရာ
အမြင်အရ ဆိုရင် ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ရပ်တည်ချက်နဲ့ 
ကိုယ်ပဲလေ၊ ကွဲပြားသော်လည်း မဏ္ဍိုင်အနေ နဲ့ မီဒီယာကို တန်ဖိုး ထားတဲ့ခေတ်မှာ
 မီဒီယာ ဘက်က ကိုယ့်ရဲ့ဆောင်ရွက်ချက်ကို ကိုယ် တာဝန်ယူနိုင်စွမ်း ရှိရမယ်။
တင်ပြလိုက်တဲ့ အနုပညာမှာ ခိုင်မာတဲ့ ထုထည် အမှန်တရား ကို သေသေချာချာ
စုစည်းပြီး ဖန်တီးမယ်ဆို ရင် သမိုင်း တွင်နိုင်ပါတယ်။”လို့ ပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် မှာ ဒီဇာတ်ကားက ပရိသတ် အကြိုက်ဆုံး
ဆုရရှိခဲ့တဲ့ အပေါ် ဆရာ့အမြင်ကို မေးကြည့်တော့ ”ပရိသတ် တစ်ယောက် အနေနဲ့
ကြိုက် နှစ်သက်တယ်။ ပရိသတ် အားလုံးလည်း ကြိုက်မှာပါ။ ကြည့်လိုက်တဲ့
လူတစ်ယောက် က ပျော်ရွှင်နိုင်တယ်။ လောကကြီးမှာ အမြီးအမောက် မတည့်ဘဲ
လွဲချော်နေတာကို ဟာသရသ ပေါ်လွင်ပါတယ်။ တကယ့် အတွင်းထဲ မှာ ဒီလိုမျိုး
မဟုတ်ပါဘူး။ အနည်းငယ်တော့ ရှိကောင်း ရှိလိမ့်မယ်။ တစ်ကမ္ဘာလုံးနဲ့
ယှဉ်လိုက်ရင် ပရိသတ် အားလုံး ကြိုက်အောင် လုပ်ကြတယ်။ ဒါကို အမှန်တရားလို့
ပြောမရဘူး။ ဖျော်ဖြေရေးတော့ ကြိုက်နှစ်သက်တယ်။ ဒီ အချက်အလက်တွေကို
ခိုင်လုံအောင် လေ့ လာဖို့ လိုတယ်” လို့ ပြောပါတယ်။
ဆင်ဆာ အဖွဲ့မှာ
အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံကို မေးကြည့်တော့
”ကြည့်ရှုမှု အပိုင်းမှာ သူ့ ရှုထောင့် အနေနဲ့ သူကြည့်ကြတယ်။ အဲဒီလို
ကြည်တဲ့အခါ ရပ်တည်ချက် မတူလို့ ထိပ်တိုက် ဖြစ်ကြတာတွေလည်း အများကြီးပဲ၊
အဲဒီ အချိန်တုန်းက ရှိနေတဲ့ မူဝါဒနဲ့သာ အကိုက်ညီဆုံး ဖြစ်အောင် ဆောင်ရွက်
ကြတယ်။ အခု ပြောင်းလဲလာတဲ့ အခြေအနေမှာ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူး။
အရင်တုန်းက ရုပ်ရှင်၊ ဗီဒီယိုက တစ်နှစ်ကို ဇာတ်ကား(၁ဝဝဝ)ကျော် လောက်
ကြည့်ရတယ်။ တော်တော်လေး ငြီးငွေ့အောင် ကြည့်ရတယ်။ ကြည့်ပြီး ပျော်ရွှင်ရတဲ့
ဇာတ်ကားက ဘယ်လောက်မှ သိပ်မရှိဘူး။ စိတ်ထဲ မှာ ဟာသ ရသလေး ရသွား တာမျိုး မရှိ
 သလောက်ပဲ၊ စိတ်ထဲ အမြဲညစ်ရတယ်။ ပြတဲ့ ပြကွက်တွေက လိုအပ်ချက်တွေ ရှိကြတယ်။
အခုဟာက ရုပ်ရှင်၊ဗီဒီယို၊ ဒီဗီဒီ အပြင် တခြား ဖျော်ဖြေရေးတွေ
ဝင်လာတယ်။ Cyber Space တွေ များလာတယ်။ ဆင်ဆာ ဆိုတာ အလှမ်းမမီတဲ့
ကမ္ဘာလောကကြီးက အများကြီး ကျယ်ဝန်းလာတယ်။ ဒါကို သိထားရ တယ်။ 
မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုတဲ့ ရပ်တည်ချက်တွေ ရှိကြရမယ်။
မြန်မာ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ဓလေ့ ထုံးစံတွေ ညီမျှအောင် သင်ခန်း
 စာ ရမယ့် ဟာမျိုး လိုအပ်တယ်၊ ဂုဏ်ကို ဖော် ဆောင်ပြီး နိုင်ငံတကာကို
ထိုးဖောက်နိုင်မယ် ဆိုရင် ဝမ်းသာစရာ ကောင်းတယ်”လို့ ပြောပါတယ်။
ထွဋ်မြတ် (ပေါ်ပျူလာဂျာနယ်)
http://feeds.feedburner.com/thithtoolwin/yIWV
အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကျင်းပမည်
10-01-2012 5:46 PM
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ငါးနိုင်ငံပြိုင်ကားမောင်းပြိုင်ပွဲကို ၂၀၁၂
 ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သုဝဏ္ဏအားကစားနယ်မြေ Top Ruby Land Racing Karts Club က
စီစဉ်ခြင်းဖြစ်ကာ အဆိုပါ Club တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်း Club မှ MD
ဦးအောင်နိုင်ဦး ကဆိုသည်။ ချစ်ကြည်ရေးသဘောအရ ပြုလုပ်ရန်ဖိတ်ခေါ်ထားသော
ပြိုင်ပွဲဖြစ်ပြီးလာရောက်ယှဉ်ပြိုင်မည့် နိုင်ငံ များမှာ လာအို၊ ဗီယက်နမ်၊
ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူတို့ဖြစ်ကြောင်း သိရသည်။
ပြိုင်ကားမောင်းအားကစားသမားများမှာ အဆိုပါနိုင်ငံများမှ တစ်နိုင်ငံလျှင် ၂၀
 ဦးစီဖိတ်ခေါ် ထားကြောင်း၊ ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ခြင်းမှာ
အဆင့်မြင့်အားကစားနည်းဆိုသည်ကို သိစေလို၍ဖြစ်ကြောင်း ယင်းကပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲတွင် တစ်ဦးသာဝင်ရောက်
ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ SEA Games တွင်ပြိုင်ကားမောင်းအားကစားကို
ဝင်ပြိုင်မည့်သူများ မွေးထုတ်လိုသည့်အတွက် ဖြစ်ကြောင်းသိရ သည်။ Top Ruby
Land Racing Karts Club ကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကာ
နိုင်ငံတကာအဆင့်ရှိ ပြိုင် ကားပြိုင်ပွဲများကို
ကျင်းပရန်ထိရည်ရွယ်ထားသည်ဟု  ပြည်မြန်မာသတင်းဂျာနယ် မှာဖော်ပြထားပါသည်။
By: သစ်ထူးလွင်
http://feeds.feedburner.com/thithtoolwin/yIWV
ဖားကန့်တွင် စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်
10-01-2012 5:41 PM
ကချင်ပြည်နယ်အတွင်းမှာ
 ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တချို့နေရာကို သွားလာမှု
ပိတ်ထားလိုက်တဲ့အတွက် ဖားကန့်မြို့နယ်အတွင်းမှာ အခြေခံစားသောက်
ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်
ဖားကန့်မြို့နယ်ကို သွားတဲ့ လမ်းတွေကို တံတားညီနောင် တံတားကစပြီး အသွားအလာ
ပိတ်ပစ်လိုက်တာကြောင့် ဆန်ဈေးနဲ့ စားသောက်ကုန်ဈေးတွေ အဆမတန်
မြင့်တက်ခဲ့တယ်လို့ ဖားကန့်မြို့နယ် အနီးနား ကျေးရွာ ဒေသခံတွေက ဆိုပါတယ်။
အစိုးရတပ်တွေ တက်လာမှာကို ဟန့်တားတဲ့ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ပိတ်တာလို့လည်း ပြောပါတယ်။
ပြည်မဘက်မှာမှာ
 တအိတ်ကို ကျပ် ၃၀,၀၀၀ လောက် ရှိတဲ့ ပေါ်ဆန်းမွှေးဆန်ဟာ အဲဒီဒေသမှာ ကျပ်
၈၀,၀၀၀ နားထိ ထိုးတက်လာနေတယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
“တပ် တက်လာတယ်
 ဘာညာဆိုတော့ ကားလမ်းက ကေအိုင်အေ ဘက်ကနေ ပိတ်ထားတာ။ ပြောရင်တော့ ကေအိုင်အေ
ပိတ်ထားတာပေါ့။ မိုးကောင်း ဖားကန့်ကို ပိတ်ထားတယ်၊ ဆန်ဈေးကတော့ဗျာ
ဖားကန့်မြို့ပေါ်တင် အခု ကျပ် ၅၀,၀၀၀ လောက်ရှိသွားပြီ မှော်ထဲဆိုရင် ကျပ်
၇၀,၀၀၀ တို့ ၈၀,၀၀၀ တို့ ဖြစ်သွားပြီ။”
မှော်တွေထဲမှာတော့
 ခုနှစ်သောင်းအထိ ဈေးမြင့်တက်ခဲ့တဲ့ အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲတွေ
ရင်ဆိုင်နေရတယ်လို့ ဖားကန့်အနီး ရွာတရွာက ဒေသခံတဦးက ဆိုပါတယ်။
“ဒေသခံတွေက
တော်တော်လေး ဒုက္ခရောက်နေတာပေါ့။ ကားပေါ်က အကုန်လုံး
ပြန်ဆင်းခိုင်းဆိုတော့လေ၊ တံတားညီနောင်ပေါ့နော် အဲဒီကနေ အကုန်လုံး လုံးဝ
မ၀င်ရတော့ဘူးဗျ။”
ကချင်ပြည်နယ်
ဒေသခံတွေ အများစုကတော့ ချင်တုံ၊ ၇၀၀ ဘူ၊ ခတ်ချိုဆန် စတဲ့ ဒေသထွက်
ဆန်အမျိုးအစားတွေကို အများဆုံး စားသောက်ကြတယ်လို့ ဆိုပါတယ်။
အရင်က
တပိသာကို ကျပ် ၁၀၀၀ ကျော်လောက် ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီက ကျပ်
၂၀၀၀ အထိ၊ အရင်က ကျပ် ၂၈,၀၀၀ ဈေးပေါက်တဲ့ ပုဇွန်ဆီက ကျပ် ၃၀,၀၀၀။ ကျပ်
၄၂,၀၀၀ ထောင်လောက်ပေါက်တဲ့ ပုဇွန်ဆီအကောင်းစား ကတော့ ကျပ် ၄၄,၀၀၀ ထိ
ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကြီးမြင့်တာနဲ့ အတူ တချို့ဆိုင်တွေမှာ
စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ သူက ဆိုပါတယ်။
“အခု
လောလောဆယ်မှာတော့ ကျပ် ၅၀,၀၀၀ ရှိတယ်၊ ဒါပေမယ့် ၀ယ်စားရမယ့် နေရာက မရှိဘူး။
 ဆန်က ကုန်သွားပြီ။ ကောက်ဟောင်းကတော့ သူက ကျပ် ၂၀,၀၀၀ ကျော် ၃၀,၀၀၀ ကနေ
ကျပ် ၅၀,၀၀၀ ဖြစ်သွားတာ။  ကျပ် ၅၀,၀၀၀ တောင်မှ ရှာဝယ်လို့ မရဘူးပေါ့။”
ဖားကန့်လမ်း
ပိတ်ထားတဲ့အတွက် ကုန်စိမ်းတွေ သယ်ဆောင်လို့မရဖြစ်ပြီး  မိုးညှင်းမှာတော့
ကုန်စိမ်းတွေပုံပြီး လျှော့ဈေးနဲ့ ထိုးရောင်းနေရလို့ ဈေးကျနေပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့
 အစိုးရတပ်အကြား တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုတွေ
ဖြစ်နေပြီး စစ်ပွဲတွေကြောင့် ကချင် စစ်ပြေးဒုက္ခသည် လေးသောင်းကျော်လောက်
ထွက်ပြေး ပုန်းအောင်း နေကြပါတယ်။
ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV
လယ်ဝေး ကြံ့ဖွံ့ အမတ် ကားတိုက်မှု အရေးယူခြင်း​ မရှိ
10-01-2012 5:37 PM
နေပြည်တော်ခရိုင်
 လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဌေးဝင်းဟာ ယာဉ်တိုက်မှု
ဖြစ်ပွားပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ရဲကလည်း အမှုမဖွင့်ပေးပါဘူး။
ပြည်ခိုင်ဖြိုးပါတီ
ကိုယ်စားပြု လယ်ဝေးမြို့နယ် ၂၀၁၀ အမတ် ဦးဌေးဝင်း မောင်းတဲ့
ပြည်ခိုင်ဖြိုးကားဟာ မနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ ညက မိခင်နဲ့ကလေး
စောင့်ရှောက်ရေးရုံးရှေ့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်တာ
 ဖြစ်တယ်လို့ ဒေသခံ ကျောင်းအုပ်ဆရာကြီးဟောင်း တဦးက ပြောပါတယ်။
ကားတိုက်မှုကြောင့်
 ဆိုင်ကယ်ရပ်ပြီး စကားပြောနေသူ နှစ်ဦးစလုံး လွင့်စင်ထွက်ခဲ့ရပြီး 
ဒီထိခိုက်တဲ့ လူငယ်နှစ်ဦးကို ဦးဌေးဝင်းက တာဝန်မယူဘဲ ကြိုက်ရာကို
တိုင်ကြားနိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ကားတိုက်ခံရတဲ့
 အမျိုးသမီးဟာ သူ့တပည့်မ ဖြစ်တဲ့အတွက် အကြောင်းစုံကို သိခဲ့ရတာ ဖြစ်တယ်လို့
 အဲဒီအငြိမ်းစား ကျောင်းအုပ်ကြီးက ပြောဆိုပြီး ယာဉ်တိုက်ချိန်မှာ
ဦးဌေးဝင်းဟာ အရက်မူးနေတယ်လို့ ပြောပါတယ်။
အငြိမ်းစားကျောင်းအုပ်ကြီးက ခုလို ပြောပါတယ်။
“နေပြည်တော်သွားပြီး
 အပြန်မှာ လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေကြတာ။ အဲ့အချိန်မှာ
မူးနေတဲ့ ဦးဌေးဝင်းက ကားနဲ့ဝင်တိုက်တာ။ တိုက်မိတဲ့အချိန်မှာ ကလေးတွေက
လမ်းဘေးကို လွင့်ထွက်သွားတယ်။ ဦးဌေးဝင်းက ကားပေါ်ကဆင်းလာပြီး လာကြည့်တယ်။
မသေပါဘူးကွာဆိုပြီး ကားပေါ်ပြန်တတ်သွားပြီး မောင်းမလို့လုပ်တော့
ကားတိုက်ခံရတဲ့ သီဟဆိုတဲ့ကောင်လေးက မောင်းပြေးလို့မရဘူးပြောတော့
ငါ့ကိုဘာကောင် အောက်မေ့တုန်း ငါကလွှတ်တော်အမတ် ဌေးဝင်းဆိုပြီး ခြိမ်းခြောက်
ပြောသွားတယ်။”
အဲဒီ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လယ်ဝေးမြို့နယ်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ၀င်ပြိုင်ဖူးပါတယ်။
ဦးဌေးဝင်းဟာ
လူနာနှစ်ဦးကို ဆေးရုံမပို့ဘဲ ကားမောင်းနှင် ထွက်ပြေးဖို့ လုပ်ခဲ့ပေမယ့်
ကားအောက်မှာ မော်တော်ဆိုင်ကယ် ရှိနေလို့ ကားမောင်းထွက်လို့ မရဘဲ
နောက်ပိုင်းကျမှ ကားကို လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးက လာရောက် ယူဆောင်
သွားတယ်လို့ ဆိုပါတယ်။
လူနာနှစ်ဦးကိုတော့
 ဒေသခံအရပ်သားတွေက လယ်ဝေးဆေးရုံကို ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးက လည်ပင်းနာနေ သလို အမျိုးသားက
ပခုံးရောင်ရမ်းလို့ ကုသခဲ့ရပါတယ်။
ယာဉ်တိုက်ခံရတဲ့
 မော်တော်ဆိုင်ကယ်ကို လယ်ဝေးမြို့နယ်ရဲစခန်းမှာ သိမ်းဆည်း ထားပေမယ့်
အမှုမဖွင့်ပေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာရဲ့
အရှေ့ဘက်ခြမ်းက လယ်ဝေးမြို့နယ်အပိုင်၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာရဲ့
အနောက်ဘက်ခြမ်းက ဒက္ခိဏသီရိမြို့နယ်အပိုင် ဖြစ်တဲ့အတွက်
မြို့နယ်ရဲစခန်းနှစ်ခုက သူ့စခန်းအပိုင်မှာ ငါ့စခန်းအပိုင်မှာ ဖြစ်တာဆိုပြီး
 အပြန်အလှန် တာဝန်မယူတဲ့အတွက် ဘယ်စခန်းမှာမှ အမှုမဖွင့်ရသေးဘဲ ဖြစ်နေပါတယ်။
ခုချိန်မှာ ဦးဌေးဝင်းက ယာဉ်တိုက်ခံရတဲ့ လူငယ်နှစ်ဦးကို လျော်ကြေးပေးပြီး ကျေအေးနိုင်ဖို့ လိုက်လံ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV
သူခိုးနှင့် ရင်ဆိုင်တွေ့၍ ဖမ်းဆီးရာမှ အိမ်ရှင်တစ်ဦး သေဆုံး၊ တစ် ဦး ဒဏ်ရာရ
10-01-2012 5:32 PM
သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ကျန်စစ်သားလမ်းတွင်
သူခိုးဖမ်းဆီးရာမှ အိမ်ရှင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ၃၀-၁၂-၂၀၁၁
ရက်က ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာမှ သိရ သည်။
အဆိုပါဖြစ်ရပ်မှာ ထိုနေ့ညနေ ၅ နာရီအချိန်ခန့်က ကြီးပွားရေးရပ်ကွက်၊
ကျန်စစ်သားလမ်း၊ … နေအိမ်တွင် သူခိုးကပ်နေကြောင်း
အော်ဟစ်အကူအညီတောင်းသံကြားရ၍ အနီးရှိ ဘောလုံးကစားသူ၊ အရန်မီး သတ်နှင့်
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ခဲ့ရာ အဆိုပါအိမ်အတွင်းမှ
လူတစ်ဦးထွက်ပြေးသည်ကို တွေ့ရပြီး လိုက်လံဖမ်းဆီးရာ နေအိမ်ခြေရင်း
နှစ်အိမ်ကျော်ရှီ ဦးပြည်ကျော်၏ နေအိမ်အောက်မှ ထွန်းထွန်းဝင်း ကို
ငွေကျပ်တစ်သိန်းငါးထောင်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ၄င်းခိုးယူခဲ့သည့် အိမ်အတွင်းသွားရောက်စစ်ဆေးရာ
အိမ်ရှင်ဒေါ်မြင့်မြင့် (၇၇ နှစ်) မှာ လည်ပင်းရှေ့ဘက်နှင့် ယာဘက်ပြတ်ရှဒဏ်ရာ
နေအိမ်အပေါ်ထပ်သို့ တက်ရောက်ရှာဖွေရာ အိမ်ရှင်ဦးဝင်းကြိုင်(၇၅နှစ်) တွင်
ယာရင်အုံ၊ ၀မ်းဗိုက် ဓားထိုးသွင်းဒဏ်ရာ၊ လည်ပင်း၊ ယာပေါင် ပြတ်ရှဒဏ်ရာများ
ရရှိထားသည်ကို တွေ့ရှိရသဖြင့် သင်္ဃန်းကျွန်း၊ စံပြ ဆေးရုံသို့
ပို့ဆောင်ကုသစေခဲ့ကြောင်း၊ ဆေးကုသခံယူနေစဉ် ဦးဝင်းကြိုင်မှာ
သေဆုံးသွားခဲ့ကြောင်း သိရ၍ သုဝဏ္ဏရဲစခန်းက(ပ)၃၁၁/၂၀၁၁
ပုဒ်မ-၇၃၉/၃၀၂(၁)(ဂ)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။
  ယင်းသို့ စစ်ဆေးရာတွင် ထွန်းထွန်းဝင်း(၃၀ နှစ်) ပုံ(ဘ-ဦးကျော်ရှိန်)
၏ထွက်ဆိုချက်များအရ ၄င်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်၊
ကျုံမငေးမြို့တွင် နေထိုင်သူဖြစ်ကြောင်း၊ အဆိုပါနေအိမ် တွင် ၂၀၁၁
ခုနှစ်အတွင်း လေးကြိမ်လာရောက်ခိုးခဲ့ကာ ပထမအကြိမ်တွင်
ငွေကျပ်နှစ်သိန်းကျော်၊ ဒုတိယအ ကြိမ်တွင် ကျောက်တစ်လုံးပါ
ရွှေလက်စွပ်တစ်ကွင်း၊ ပုလဲလုံးများပါ ရွှေလက်ကောက်နှစ်ကွင်းနှင့် ငွေကျပ်တစ်
သိန်းခန့်၊ တတိယအကြိမ်တွင် ငွေကျပ် ၁၀၅၀၀၀ ခိုးယူခဲ့ပြီး ယခုစတုတ္ထအကြိမ်
ထပ်မံခိုးယူရန် အိမ်အတွင်း ပုန်းခိုခဲ့ပြီး ၃၀-၁၂-၂၀၁၁ ရက် ညနေ ၄ နာရီခွဲ
အချိန်ခန့်တွင် ပုန်းခိုနေစဉ်မှ အပေါ်ထပ်သို့ တက်လာသော အိမ်ရှင်
ဦးဝင်းကြိုင်က ၄င်းကိုမြင်တွေ့သွားခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး
လုံးထွေးသတ်ပုတ်ခဲ့ပြီး ဦးဝင်းကြိုင် ကို ဓားဖြင့်
သုံးလေးချက်ဆက်တိုက်ထိုးခဲ့ကြောင်း၊ ဆက်လက်၍ အိမ်ပေါ်မှဆင်းပြေးလာစဉ်
နေအိမ်အောက် ထပ်တွင် ဒေါ်မြင့်မြင့်က သူခိုးသူခိုးဟုအောင်၍ တားဆီးသောကြောင့်
 ဓားဖြင့် ယမ်းကာထွက်ပြေးခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်ဟု  ပြည်မြန်မာသတင်းဂျာနယ် မှ ရေးသားဖော်ပြလိုက်ပါသည်။
By: သစ်ထူးလွင်
http://feeds.feedburner.com/thithtoolwin/yIWV
The Lady ထိုင်းမှာ ရုံတင်တော့မည်
10-01-2012 5:20 PM
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးနှင့် မိသားစုဘဝတို့ကို ဇာတ်လမ်းဆင်
ရိုက်ကူးထား သည့် The Lady ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ တဝှန်းတွင်
ဖေဖော်ဝါရီ ၂ ရက်နေ့၌ စတင်ရုံတင်ပြသမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့
 မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ်
စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး
ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင်
ကြော်ငြာထားသည်။
နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ
သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး
ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီးတယောက်၏
ငြိမ်းချမ်းစွာ လှုပ်ရှားမှုအကြာင်းလည်း
ဖြစ်သည်ဟုဆိုသည်။
ပြင်သစ်ဒါရိုက်တာ
 Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး
ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ
ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ်
David Thewlis က သရုပ်ဆောင် ထားသည်။
နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse  နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည်။
ချင်းမိုင် (မဇ္ဈိမ)
http://feeds.feedburner.com/thithtoolwin/yIWV
အရက်သေစာ သောက်စားမှုကြောင့် မှုခင်းများ အများဆုံး ဖြစ်ပွားလျက်ရှိ
10-01-2012 5:11 PM
ဇန်န၀ါရီ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင် ကြည့်မြင်တိုင်မြို.နယ် ဆိပ်ကြီးရပ်ကွက် အမက ၁၈  စာသင်ကျောင်း မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းကျဆင်းရေး ၊ အသိပညာ ဟောပြောပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ မှုခင်းများ ဖြစ်ပွားရခြင်း အကြောင်းရင်း တွေဟာ အရက်သေစာ သောက်သုံးမှုကြောင့် အများဆုံး ဖြစ်ပွားပွားလျက် ရှိတယ်လို့ သိရပါသည်။
အရက်သောက်တဲ့ လူတွေဟာ မူးလာပါက လူသတ်မှု ၊ ခိုးမှု ၊ မုဒိန်းမှု ၊ နာကျင်စေမှု စတဲ့ အမှုတွေကို ကျူးလွန်ဖို့ လွယ်စေတယ်လို့ သိရပါသည်။ အဆိုပါပွဲမှာ တာဝန်ရှိသူ တစ်ဦး ရဲ့ ပြောကြားချက်အရ မြို့နယ်တွေမှာ ဖြစ်ပွားတဲ့အမှုတွေမှာ ဖြစ်ပွားမှု အများဆုံးဟာ အရက် သော က်ပြီးမှ ကျူးလွန်ကြတာ ဖြစ်တယ်လို့ သိရပါသည်။
အဆိုပါ မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲမှာ ဟောပြောမှုတွေကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး မျိုးအောင်နဲ့ ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ကြည့်မြင်တိုင်မြို့နယ်  ဒုတိယ ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူတွေမှ ဟောပြောခြင်းနဲ့ လက်ကမ်း စာစောင် ဖြန့်ဝေခြင်း များ ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။ ဒါ့အပြင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးမှ ကြည့်မြင်တိုင်မြို့နယ် အမက ၁၈ စာသင်ကျောင်းကို အလှူငွေ ပေးအပ်ခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။
MRTV-4
http://feeds.feedburner.com/thithtoolwin/yIWV
အောက် မြန်မာပြည် တွင် တစ်နှစ်တာ အတွင်း မီးလောင်မှု ၄၀၀ကျော် ဖြစ်ပွားခဲ့
10-01-2012 5:06 PM
မြန်မာနိုင်ငံ တောင်ပိုင်း ရှိ အောက် မြန်မာပြည်မှ ၂၀၁၁ ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှာ တစ်နှစ်တာ အတွင်း မီးလောင်မှု အကြိမ် ၄၀၀ကျော် ဖြစ်ပွား ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ၊ အောက်မြန်မာပြည် ဦးစီး ဌာနရှိ ညွှန် ကြားရေးမှူး ဦးသင်းဌေးရွှေရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ အောက်မြန် မာပြည် ဌာန အတွင်း ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ကရင် ပြည်နယ် ၊ မွန် ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ မီးလောင်မှု အကြိမ် ၄၂၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရခိုင် ပြည်နယ်မှာ အကြိမ် ၅၀ မီးလောင်ခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ်သိန်း တစ်သောင်း တစ်ထောင့်တစ်ရာ့ငါးဆယ်ကျော်နဲ့ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသ ကြီးမှာတော့ ၁၇၇ ကြိမ် မီးလောင်ခဲ့ပြီး တစ်နှစ်တာ အတွင်း မီးလောင်မှု အ ကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ခန့်မှန်း တန်ဖိုးကျပ် ၁၃၃၆ သိန်းေ ကျာ် ဖြစ်ပြီး မီးလောင်မှုကြောင့် ဒုတိယ အများဆုံး ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ စုစုပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၃၈၂ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ တနင်္သာရီ တိုင်း ဒေသကြီးမှာ  စုစုပေါင်း ၁၃ ကြိမ် ဖြစ်ပွားကာ ခန့်မှန်း တန်ဖိုးကျပ် ၂၁၇ သိန်းကျော် ဆုံးရှုံး ခဲ့ရပါတယ်။
ဆက်လက်ပြီး ပဲခူးတိုင်း ဒေသကြီးမှာလည်း မီးဖိုမီးကြောင့် ၂၁ ကြိမ် ၊ ပေါ့ဆမီးကြောင့် ၂၈ ကြိမ် ၊ အလိုအလျှောက် မီးကြောင့် ၂ ကြိမ် ၊ လျှပ်စစ်မီးကြောင့် ၅ ကြိမ်နဲ့ မသမာသူ ရှို့မီး ၆ ကြိမ် စုစုပေါင်း ၆၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၂၇၈ သိန်းကျော် ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ အပြင် မွန် ပြည်နယ်မှာလည်း မီးလောင်တဲ့ အကြိမ် ၅၆ ကြိမ်မြောက် ဖြစ်ပွားခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ် ၂၂၀ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှု များထဲမှာ ပေါ့ဆမီးကြောင့် မီးလောင်မှု မှာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4
http://feeds.feedburner.com/thithtoolwin/yIWV
တန်ဖိုးနည်း GSM ဖုန်းများတွင် အင်တာနက် သုံးစွဲမှုပါ ပါဝင်မည်
10-01-2012 5:07 PM
လာမယ့် ဖေဖေါ်ဝါရီလကုန် မတ်လလောက်မှ ချထားပေးမယ့် တန်ဖိုးနည် GSM မိုဘိုင်း ဖုန်းတွေမှာ အင်တာနက်လိုင်း သုံးစွဲမှု ပါရရှိမှာ ဖြစ် တယ်လို့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရ ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ တန်ဖိုးနည်း GSM ဖုန်းလိုင်း သန်း ၃၀ စီမံကိန်းကို ၂၀၁၁ ခုနှစ် ဇူလိုင် လကုန်ပိုင်းက စတင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါသည်။
အခုချထား ပေးမှာကတော့ ပထမနှစ် စီမံကိန်းဖြစ်တဲ့ တန်ဖိုးနည်း GSM ၄ သန်းဖြစ်ပြီး အင်တာနက်လိုင်း သုံးစွဲမှုကိုတော့ ရာနှုန်းပြည့် ရရှိမှာ မဟုတ်ဘဲ အလုံးရေ အကန့်အသတ်နဲ့ သာ သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ရဲ့ ပြောကြားချက်အရ သိရပါသည်။
အဆိုပါ တန်ဖိုးနည်း GSM မိုဘိုင်း ဖုန်းတွေကိုတော့ အခုလက်ရှိ ရောင်းချနေတဲ့ ကျပ် ၅ သိန်း တန် GSM ဖုန်းများအတိုင်း ရောင်းချမှာ ဖြစ်ပါသည်။ အဲ့ဒီ တန်ဖိုးနည်း GSM ဖုန်းတွေရဲ့ ဈေးနှုန်းကေ တာ့ ကုန်ကျစရီတ်များကို တွက်ချက်မှု မပြုလုပ်ရ သေးတာကြောင့် ဈေးနှုန်း အတိအကျ မသိ ရသေးဘဲ ခန့်မှန်းခြေ ကျပ် ၃ သိန်းထက်တော့ မကျော်လွန်ဘူးလို့ သိရပါသည်။
MRTV-4
http://feeds.feedburner.com/thithtoolwin/yIWV
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား