img.emoticon { padding: 0; margin: 0; border: 0; }

Sunday, January 22, 2012

CMD အသုံးပြုပြီး USB Device ကဗိုင်းရပ်စ်ကို ဖော်ထုတ်မယ်

Command Prompt ကိုသုံးပြီး သင့် Flash Drive ထဲက virus ကိုဖော်ထုတ်လို့ ရပါတယ်။
Window ကို Safemode with Command Prompt နဲ့ ဝင်ပါ။
DOS mode ကိုဝင်ရောက်ပြီးပြီဆိုရင် သင့် USB stick ရှိတဲ့ Drive ကိုသွားပါ။
ဥပမာ Hard disk က partition နှစ်ခုပိုင်းထားတော့ C: နဲ့  D: ပေါ့။
ဒါဆို CD-ROM က E: သင့်ရဲ့  USB Stick က drive F: ဖြစ်မှာပေါ့ ။

DOS မှာ C:UsersIcycracker> လို့ ပေါ်နေပါပြီ။
ဒါဆိုရင်  C:UsersIcycracker>f: လို့ ရိုက်လိုက်ပါ။
f:> ကိုရောက်သွားပါလိမ့်မယ်။
f:>attrib ရိုက်ပါ။
virus နဲ့  autorun ဖိုင်ရှိရင် 

SHR    f:autorun.inf
SHR    f:virus.bat

လို့ ပေါ်မှာပါ။

SHR ဆိုတာ file တွေကို System,Hide,Read only သုံးမျိုးလုံးလုပ်ထားပါတယ်။
ဒါကို ဖြုတ်မှ Delete လုပ်လို့ ရမှာပါ။
ဒါကြောင့် f:>attrib autorun.inf -s -h -r ရိုက်ပါ။
autorun.inf မှာကာကွယ်ထားတဲ့ System,Hide,Read only သုံးမျိုးလုံးဖြုတ်လိုက်ပြီဖြစ်ပါတယ်။
ဒါဆို autorun.inf ဖိုင်ကို Delete လုပ်လို့ ရပါပြီ။
f:>del autorun.inf ရိုက်ပါ။autorun.inf ဖိုင်ကို Delete လုပ်လိုက်ပါပြီ။

ဒီတစ်ခါ virus.bat (batch virus file)ကို Delete လုပ်မှာပါ။
ဒါကြောင့်  f:>attrib virus.bat -s -h -r ရိုက်ပါ။
virus.bat မှာကာကွယ်ထားတဲ့ System,Hide,Read only သုံးမျိုးလုံးဖြုတ်လိုက်ပြီဖြစ်ပါတယ်။
ဒါဆို virus.bat ဖိုင်ကို Delete လုပ်လို့ ရပါပြီ။
f:>del virus.bat ရိုက်ပါ။virus.bat ဖိုင်ကို Delete လုပ်လိုက်ပါပြီ။

virus တွေအလိုက် filename တွေ...extension တွေလည်းပြောင်းသွားမှာပါ။
ပြောင်းသွားတဲ့ filename နဲ့  extension အလိုက် ပြောင်းပြီး SHR ဖော်...Delete လုပ်ရုံပါပဲ။
ဒါဆိုရင် သင့် PC ကို Flash Drive မှ virus ကူးမှာကြောက်စရာမလိုတော့ဘူးပေါ့။

ဒီ post နဲ့ ပတ်သက်လို့ မရှင်းတာရှိရင် comment ချန်ထားခဲ့ပါ။

ဒါမှမဟုတ်

ကိုဆက်သွယ်မေးမြန်းလို့ လည်းရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား