img.emoticon { padding: 0; margin: 0; border: 0; }

Thursday, January 12, 2012

နယူးယောက်ဈေးကွက် အတွင်း ရေနံစိမ်းဈေးနှုန်း ၁၀၃ ဒေါ်လာနားသို့ ရောက်ရှိ

Updated : 13 Jan, 2012



ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ စတော့ဈေးကွက် အတွင်းတွင် လာမည့် ကာလများအတွက် ရေနံစိမ်းဈေးနှုန်းများမှာ တစ်စည်လျင် ၁၀၃ ဒေါ်လာနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အီရန်နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာနေသဖြင့် ရေနံစိမ်းဈေးကွက်မှာလည်း အမြင့်ဈေးများသို့ ရောက်ရှိနေရကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံသူများ မှာ ဟော်မုတ်ရေလက်ကြား အရေးနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်များဖြစ် ပွားနေပြီး ရေနံ အမှာစာရင်းများ မြင့်တက် လာသဖြင့် ယခုလို ဈေးတက်လာရခြင်းဖြစ်ကာ အီရန်နိုင်ငံမှ ပိတ်ဆို့ပစ်မည်ဆိုသည့် ခြိမ်းခြောက်မှုကြောင့် ယခုလို ဝယ်လိုအားတက် လာခြင်းလည်း ဖြစ်သည်။နိုက်ဂျီးရီးယား နိုင်ငံအတွင်းတွင် ဖြစ်ပေါ်နေရသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လည်း ရေနံအမှာ စာရင်းများ မြင့်တက်လာရခြင်း၏ အကြောင်းရင်းနောက်တစ်ခုလည်း ဖြစ်သည်။

သို့ရာတွင် ဥရောပနိုင်ငံများအနေဖြင့် အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုများကို ပိတ်ဆို့မှုအတွက် အချိန်ထပ်မံ တိုးပေးခဲ့သဖြင့် နောက်ပိုင်း တွင် ရေနံဈေးအနည်းငယ် ပြန်ကျခဲ့ကြောင်းလည်းသိရသည်။ ထို့နောက် ကြာသပတေးနေ့၏ ရေနံအရောင်းအဝယ်ဈေးကွက်မှာ ၉၉.၁ ဒေါ်လာဖြင့် ပိတ်ခဲ့ကြောင်း သိရသည်။ယခုလိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဈေးကွက် ကျွမ်းကျင်သူများ၏ အပြောအရ ရေနံဈေးများ မှာ အတက်အကျများနေဦးမည် ဖြစ်ကြောင်းလည်း ခန့်မှန်းထားကြသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား