Tuesday, January 10, 2012
ဝါယာရှော့ဖြင့် မီးလောင်မှုများလျော့နည်းစေရန် လျှပ်စစ်စစ်ဆေးရေးဌာနကို တိုးချဲ့ဖွဲ့စည်းခြင်း
ဝါယာရှော့ဖြင့်
မီးလောင်မှုများလျော့နည်းစေရန် စက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိသော
စက်မှုကြီးကြပ်ရေးနှင့် လျှပ်စစ်စစ်ဆေးရေးဌာနကို
တိုးချဲ့ဖွဲ့စည်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
“မီးကြိုးတွေ ကောင်းတာ၊ မကောင်းတာကို အချိန်ပိုင်းအလိုက် စစ်ဆေးမှုတွေ
လုပ်နိုင်အောင် အဖွဲ့ကို အကြီးကြီးပြန်ဖွဲ့ဖို့ လုပ်နေပါပြီ” ဟု
ဝန်ကြီးကပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့ကြီးဖွဲ့စည်းပြီးပါက ရုံးဌာနများ၊
နေအိမ်များရှိ ဝါယာကြိုးများကို စစ်ဆေးနိုင်အောင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအနေအထားအရ ယင်းအဖွဲ့အစည်းမှာ
လူအင်အားနည်းနေ၍ စစ်ဆေးခြင်းများ မပြုလုပ်နိုင်သောကြောင့်
လာမည့်နှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးခြင်းများအပြင် အကြံပေးခြင်းများဖြင့်
ပြည်သူများကို ကူညီနိုင်သည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိ အဖွဲ့အစည်းမှာ လွတ်လပ်ရေး မရခင်ကတည်းက ဖွဲ့စည်းထားသော
အဖွဲ့အစည်းဖြစ်သည်“ ဒီအဖွဲ့စစစ်ပြီဆိုရင် အဆောက်အအုံ အသစ်ရော၊
အဟောင်းတွေပါ စစ်ပြီး မကြိုက်ရင်၊ ကွာလတီညံ့တဲ့ ပစ္စည်းတွေ
သုံးထားရင်ပြန်လဲခိုင်းမယ်။ ပီပီပြင်ပြင်လုပ်နိုင်အောင် ဖွဲ့စည်းတဲ့သဘောပဲ”
ဟု ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ကူးတို့ဆိပ်
စက်ဆန်းမီးလောင်ပေါက်ကွဲမှုတွင် ဝါယာရှော့ကြောင့်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး
လျှပ်စစ်ဌာန၌ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည့် အပေါ်တွင်လည်း ၎င်းမီးလောင်မှုမှာ
ဝါယာရှော့ကြောင့်ဖြစ်ခြင်း မဟုတ်ခဲ့ကြောင်း၊ ဝါယာရှော့ကြောင့်ဖြစ်ခြင်းမှာ
လျှပ်စစ်ဌာနနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမဟုတ်ဘဲ
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် လျှပ်စစ်စစ်ဆေးရေးဌာနကသာ
တိုက်ရိုက်သက်ဆိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဌာန ဥက္ကဋ္ဌ
ကပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် 7 Day News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား