img.emoticon { padding: 0; margin: 0; border: 0; }

Monday, January 23, 2012

မြန်မာ့သတင်း

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ

Browse › Home » ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ
လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးကို ကညနရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကိစ္စ
ကို စစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင်အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အ ထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦး ဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင်(က၀မြို့နယ်နေသူ)တို့နှင့်အောက်ကိုမင်း(ခ) နေမျိုးသူရအောင်(သာယာ ၀တီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ် သည်။

" သူတို့အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ် လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိကပါဝင်ပတ်သက်တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တ လန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေ စိုက် စွမ်းအားဖြင့် ကျောင်းသားများအဖွဲ့အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။

သင်္ကန်းကျွန်းရဲစခန်းမှ ၄င်းတို့နှစ်ဦးကို(ပ) ၅၁၂/၁၁ ပုဒ်မ ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေး ရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ) ၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့်ပုဒ်မ ၁၇(၁) ဖြင့် ဇန်န၀ါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိသည်။

 ပန်းသတင်းဂျာနယ်


မရမ်းကုန်းမြို့နယ်ရှိ စိန်မောင်ရုပ်ရှင်စတူဒီယိုဟောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား

Browse › Home » မရမ်းကုန်းမြို့နယ်ရှိ စိန်မောင်ရုပ်ရှင်စတူဒီယိုဟောင်း မီးလောင်ကျွမ်းမှုဖြစ်ပွား
w717f1
w717f2

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ၆ ရှိ စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်းတစ်ခု ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စိန်မောင်ရုပ်ရှင်စတူဒီယိုကို လက်ရှိတွင် ဇာထိုးပန်းထိုး လုပ်ငန်းတစ်ခုအား ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ "ကျွန်တော်က ဒီခြံနားက High Land Lodge Hotel ပိုင်ရှင်ပါ။ ကျွန်တော်တစ်ရေးနိုးတော့ အုန်းအုန်းဆိုတဲ့ အသံတွေကြားလို့ ကြည့်လိုက်တော့ မီးလောင်နေတာ ဖြစ်နေတယ်။ ဒါနဲ့ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့ မရတာနဲ့ ဂိုဒေါင်က လူတွေကားနဲ့သွားပြီး အကြောင်းကြားရတယ်။ အရင်က ရုပ်ရှင်စတူဒီယိုဟောင်းကြီးပါ။ အခုတော့ ဇာထိုး ပန်းထိုးလုပ်ငန်းကို ငှားထားတာပါ။ ရုပ်ရှင်စက်ပစ္စည်းအဟောင်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ပစ္စည်း တွေရှိပါတယ်။ အသံလုံဖို့အတွက် အသုံးပြုထားတဲ့စပါးခွံတွေလည်း ရှိသေးတယ်။ စက်ရုံတစ်ခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်"ဟု စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်း ပိုင်ရှင်၏သားဖြစ်သူ ဦးတင်ထွဋ်က ပြောပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား