၂ဝ၁၁ခုနှစ်ရဲ့နှစ်ဆန်းမှာ
ပရိသတ်အချစ်တော် ပြေတီဦးတစ်ယောက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့
မြေးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ တောင်းရမ်းစေ့စပ် လက်ထပ်မင်္ဂလာ
ပွဲတွေဆင်နွှဲပြီး ဗိုလ်ဇေယျရဲ့ မြေးဖြစ်ခဲ့သလို အခု ၂ဝ၁၂နှစ်သစ်ရဲ့
ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း ပရိသတ်အချစ်တော် အဆိုတော်
သဇင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့မြေးတစ်ဦးဖြစ်သူ
သက်နိုင်အောင်ဇေယျနဲ့ ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာလက်မှတ် ရေးထိုးတဲ့အတွက်
ဗိုလ်ဇေယျရဲ့ မြေးတစ်ဦး ဖြစ်လို့ သွားခဲ့ပါတယ်။ သက်နိုင်အောင်ဇေယျနဲ့
သဇင်တို့က ချစ်သူသက်တမ်းနှစ်နှစ်ကျော်မှာ လက်ထပ်ကြတာဖြစ်ပြီး
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာလို့
သဇင်ကဆိုပါ တယ်။ သဇင်ရဲ့ချစ်သူဟာ သြစတြေးလျ နိုင်ငံ၊
ပါ့သ်မြို့မှာနေထိုင်တာဖြစ်ပြီး သဇင့်အနေနဲ့ သြစတြေးလျနိုင်ငံနဲ့
မြန်မာနိုင်ငံကို သွားလိုက်ပြန်လိုက် လုပ်နေမှာဖြစ်ပါတယ်။
မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီ ၁၉ရက်နေ့
ဆီဒိုးနားဟိုတယ်မှာပဲကျင်းပမှာဖြစ်ပြီး မင်္ဂလာညစာစားပွဲကို အဲဒီနေ့ ညနေ
၆နာရီ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပမှာပါ။ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ဟာ
ရန်ကုန်တိုင်းဒေသကြီး တရာသူကြီး ဒေါက်တာဦးမင်းသိန်းရဲ့ ရှေ့မှောက်မှာ အသိ
သက်သေများအဖြစ် မင်္ဂလာသတို့သားဘက်က ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်၊
မင်္ဂလာသတို့သမီးဘက်က ဦးနိုင်ဝင်းနဲ့ မမဉ္ဇူ (Zu Zu Collection)တို့က
လက်မှတ်ရေးထိုးခဲ့ ပါတယ်။ လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ သက်နိုင်အောင်ဇေယျနဲ့
ဇနီးသဇင်တို့ဟာ လက်ရှိမှာ မြန်မာနိုင်ငံမှာ နေထိုင်ကြကြောင်း သိရှိရပါတယ်။
P-057 ၊ဓာတ်ပုံ-အောင်ဇော်မင်း
P-057 ၊ဓာတ်ပုံ-အောင်ဇော်မင်း
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား