img.emoticon { padding: 0; margin: 0; border: 0; }

Friday, November 30, 2012

တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများ

တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု ပိုများလာပြီး အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု လျော့ပါးသွားတာမို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ဗျူဟာမြောက် အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့် ဆယ်စုနှစ် ၂ စုအတွင်း ရေနံထုတ်လုပ်မှုနဲ့ သုံးစွဲမှု အလားအလာဆိုင်ရာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (International Energy Agency – IEA)ရဲ့ အကဲဖြတ်ချက်အသစ်ထဲမှာ ရေးသားထားပါတယ်။
မနှစ်တုန်းက တရုတ်နိုင်ငံထဲ ရေနံတင်ပို့မှုမှာ အီရတ်က ၅ ရာခိုင်နှုန်း ပါခဲ့တာပါ။ တနေ့ကို ရေနံ စည် ပေါင်း ၂၇၅၀၀၀ ဝန်းကျင် တင်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတင်ပို့မှုနှုန်းက ၂၀၃၅ ခုနှစ်ရောက်တဲ့အခါ တနေ့ကို ရေနံ စည်ပေါင်း ၈ သန်းကျော်အထိ များပြားသွားလိမ့်မယ်လို့ IEA ရဲ့ စီးပွားရေးပညာရှင် ဖာတီ ဘီရိုလ် (Fatih Birol) က သုံးစွဲမှုအလားအလာဆိုင်ရာ လေ့လာချက်တခုထဲမှာ ကြိုတင်ခန့်မှန်းထားပါတယ်။ ဒီနှုန်းဟာ ဆော်ဒီအာရေဗျ နိုင်ငံက နေ တင်သွင်းမှုရဲ့ အထက်ကို ရောက်သွားပါလိမ့်မယ်။

အာဆီယံ- အိန္ဒိယချစ်ကြည်ရေး အထိမ်းအမှတ် မော်တော်ကားမောင်းပွဲ


ဒုတိယအကြိမ်မြောက် အာဆီယံ- အိန္ဒိယချစ်ကြည်ရေး အထိမ်းအမှတ်
မော်တော်ကားမောင်းပွဲတွင် အာဆီယံ ၁၀နိုင်ငံမှ ကားအစီး
၆၀ပါဝင်မည်ဖြစ်ပြီး တစ်နိုင်ငံလျှင် လေးဦးပါဝင်ခွင့် ရရှိသည့် အတွက်
မြန်မာနိုင်ငံမှ ရုပ်ရှင် သရုပ်ဆောင် များ
ဝေဠုကျော်၊ ကိုပေါက်၊ အမျိုးသမီးသရုပ်ဆောင် များဖြစ်သည့် မေသဉ္ဇာဦး၊ ဆုပန်ထွာ တို့ပါဝင် မည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးသောင်ထိုက်ကပြောကြားသည်။

ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်လိုက်ပါတယ်။ မကြာသေးခင်ကဘဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်တာပါ။

7Day News Journal vol.11-no.38

vol.11-no.38

Monday, November 26, 2012

U 8950D Root

ပထမဆုံး ဖုန်းရဲ့ အချက်အလက်တွေကို ကြည့်ရပါမယ်။
၁။ Serial Number ကြည့်ရမယ်။
၂။ IMEiD (International Mobile Equiment Idenity) ကြည့်ရမယ်။


Serial Number ကိုဖုန်းကျောမှာရေးထားတဲ့နံပါတ်ကိုကြည့်ရမယ်။
ဥပမာ။            ။                 N5T4CB9261909742
IMEI/MEiD ကို *#06#နှိပ်ပြီးကြည့်ရမယ်။
ဥပမာ။          ။                a0000036e0bb98

အာလုံးကိုမှတ်ထားပြီး
ဒီ Link မှာ Register လုပ်ရပါမယ်။
http://www.huaweidevice.com/cn/servicePolicy.do?method=toApplyUnlock

ခုနှစ်ရက်သားသမီးများအတွက် ( ၂၆.၁၁.၁၂) မှ (၂.၁၂.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရခြင်းများ ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန်ပြင်ဆင်နေ
သူများနိုင်ငံရပ်ခြားခရီးလည်းဖြစ်တတ်သည်။ အလုပ်တွင်နေရာကောင်းရနေခြင်း၊ နာမည်ကောင်း
ရခြင်းထက်အလုပ်များလည်း မိမိတာဝန်ဖြစ်သလိုဖြစ်နေတတ်သည်။ အထက်လူကြီးဆရာသမားကောင်းခြင်း၊

Saturday, November 24, 2012

TheVoice-8-47



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဓာတ်ဆီဂိုထောင် မီးလောင်မှု


စွယ်တော်မြတ်စေတီတော်အနီး၊ အမှတ် (၂) ယန္တရားတပ်၏ရှေ့၊ ဓာတ်ဆီဂိုထောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လောင်ကျွမ်းခဲ့Photo: မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောက်တောဝကျေးရွာ၊ စွယ်တော်မြတ်စေတီတော်အနီး၊ အမှတ် (၂) ယန္တရားတပ်၏ရှေ့၊  ဓာတ်ဆီဂိုထောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က လောင်ကျွမ်းခဲ့သောမီးမှာ လောင်ချိန် ၄၅ မိနစ်အကြာ ၅ နာရီ ၂၀ အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဓာတ်ဆီဂိုထောင်သည် အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ယန္တရား-မြစ်ငယ်)အနီးတွင် ဖွင့်ထားခြင်းဖြစ်ပြီး ဆီလှောင်ကန် နှစ်ကန်နှင့် ဓါတ်ဆီပီပါ အလုံး ၅၀ ခန့် သိုလှောင်ထားကြောင်း သိရှိရသည်။ မီးလောင်မှုသည် ပတ်ဝန်းကျင်ရှိ အခြားအဆောက်အဦများသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း သိရသည်။

Thursday, November 22, 2012

F.M.I ကုမ္ပဏီဝန်ဆောင်မှုလုပ်ငန်းများ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်မည်ြ

F.M.I ကုမ္ပဏီ ကိုယ်ပိုင်လေကြောင်းလိုင်း တည်ထောင်ရန် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်း  နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သည့် F.M.I ကုမ္ပဏီ၏ ၂၀ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် အဆိုပါ ကုမ္ပဏီဥက္ကဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသားများ

 စစ်ကိုင်းရွာသစ်ကြီးမှ မိမိတို့၏ မူလကျောင်းနေရာသို့ လမ်းလျှောက်ရွှေ့ပြောင်းလာကြသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသားများသည် ယနေ့ နေ့လည် ၁၂ နာရီခန့်က သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံများဝတ်ဆင်၍ ကျောင်းရှေ့ နေပူထဲ၌ ထိုင်ကာ မူလကျောင်းနေရာသို့ပြန်လည်ရွှေ့ပြောင်းပေးရန် ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်နေကြပြီး အ ချို့မှာလည်း ငိုနေကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ကျောင်းသားများထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းလာရောက်၍ ထိုကဲ့သို့ ဆက်မလုပ်ရန်နှင့် ကျောင်းသားများ၏ ဆန္ဒကို အထက်သို့တင်ပြပေးဟု ပြောသော်လည်း ကျောင်းသားများမှာ တိကျသော အဖြေရသည်အထိစောင့်ဆိုင်းနေမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 

SHADE

ရခိုင်ပြည်နယ်ပဋိပက္ခနှင့် စပ်လျဉ်း၍ ဒေါက်တာ ထွန်းအောင်ကို ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ခဲ့သည့် မောင်တောမြို့ အကြမ်းဖက်မှုကို ဦးဆောင်သူဟူသော သင်္ကာမကင်းမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာ ထွန်းအောင် (ခ) နုရ်ဟောက်အား စစ်တွေခရိုင် တရားရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါက်တာ ထွန်းအောင်အား ယခုနှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခြင်းဖြစ်ပြီး ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ ၆(၁)၊ ပုဒ်မ ၁၅၃ စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။http://burma.irrawaddy.org/archives/26239

နေပြည်တော် ကုန်စည်ပြပွဲ ကျင်းပမည်

ဝယ်လိုအား အထူးမြင့်မားပြီး ပြိုင်ဆိုင်မှုနည်းပါးသော ဈေးကွက်သစ်သို့ ထိုးဖောက်လိုသော လုပ်ငန်းရှင်ကြီးများအတွက် မဟာအခွင့်အရေး နေပြည်တော်ရှိ မိဘပြည်သူများအတွက် တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ပြည်တွင်းပြည်ပမှ အိမ်တွင်းအလှဆင်ပစ္စည်း၊ ကား၊ ဆိုင်ကယ်၊ မိုဘိုင်းဖုန်း၊ အီလက်ထရွန်နစ်ပစ္စည်းနှင့် လူသုံးပစ္စည်းအမျိုးမျိုးတို့ကို စိတ်ကြိုက်ရွေးချယ်၍ ချိုသာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားသော ကုန်စည်ပြပွဲကြီးကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် (တောင်ဘက်မုခ်) ဘုရားပွဲကျင်းပရာ ရင်ပြင်တွင် နိုဝင်ဘာလ (၂၉)ရက်မှ ဒီဇင်ဘာလ (၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း- ၀၉-၈၆၂၆၀၈၀၊ ၀၉-၄၉၂၂၈၁၅၄ နှင့် ၀၉-၄၂၀၁၇၁၉၀၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

 သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်

202
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲတွင် မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
သဘောတူညီချက် ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံတွင်  ပြုလုပ်ခဲ့သော (၂၁) ကြိမ် မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့ပါသည်။

Tuesday, November 20, 2012

ပညာရေးနိုင်ငံတကာအဆင့်မီဖို့ အမေရိကန်နိုင်ငံ ပညာရေးအဖွဲ့အစည်းတွေရဲ့ ကနဦး ခြေလှမ်းစတင်လိုက်ပါပြီ။


၂၀၁၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု (IAPP) အစီအစဉ်မှာ ပါဝင်ဖို့ နိုင်ငံတကာ ပညာရေးအဖွဲ့အစည်း Institue of International Education (IIE) က ၀ါရှင်တန် ဒီစီ က American University အပါအ၀င် စုစုပေါင်းတက္ကသိုလ် ၉ ခုကို  ရွေးချယ်လိုက်ပါ တယ်။  မြန် မာနိုင်ငံရဲ့အဆင့်မြင့် ပညာရေးစွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် မြန်မာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ စီမံကိန်းလုပ်ငန်းအတွက် မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ဒီိတက္ကသိုလ် ၉ ခုကို ရွေးချယ်ခဲ့တာပါ။

အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ်

အစ္စရေးဘက်က ပစ်ခတ်ခံနေရတဲ့ ဂါဇာ
အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက် နေခဲ့ပါတယ်။
အစ္စရေးး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။

Monday, November 19, 2012

The Myanmar Post


WeeklyEleven-Vol-8-No-7

mobile guide issue 79


Internet Journal


ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ

မြန်မာနိုင်ငံမင်္ဂလာပါ (မြန်မာဘာသာဖြင့် နှုတ်ဆက်သောကြောင့် ရယ်သံများနှင့် လက်ခုပ်သံများစွာ ဆူညံသွားသည်)
ဒီတက္ကသိုလ်ကို ရောက်လာခဲ့တဲ့အတွက်၊ ဒီနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ရတဲ့ အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။
ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ဒီနိုင်ငံရဲ့ အရေးပါမှုကြောင့်ပါပဲ။ ခင်ဗျားတို့ဟာ အရှေ့နဲ့ တောင်အာရှရဲ့လမ်းဆုံမှာ တည်ရှိနေတာပါ။ ဒီနိုင်ငံဟာ ကမ္ဘာမြေပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနှစ်ခုရဲ့ နယ်ခြားလည်း ဖြစ်နေပါတယ်။ ခင်ဗျားတို့မှာ နှစ်ထောင်ချီတဲ့ သမိုင်းလည်းရှိတယ်၊ ကမ္ဘာမြေရဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ ကူညီနိုင်တဲ့ အစွမ်းလည်းရှိနေတဲ့ နိုင်ငံပါ။ကျွန်တော်ဒီကို ရောက်လာခဲ့တာဟာ ခင်ဗျားတို့နိုင်ငံရဲ့ လှပတင့်တယ်မှုနဲ့ မတူကွဲပြားမှုတွေ ကြောင့်ပါပဲ။

ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ

ရန်ကုန်တက္ကသိုလ် တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း ကောက်နုတ်ချက်များ
အမေရိကန်သမ္မတ အိုဘားမား
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် မိန့်ခွန်းပြောနေစဉ်။
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန် တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတ အိုဘားမား မိန့်ခွန်း အကြို ကောက်နုတ် ချက်များ (အိမ်ဖြူတော် သတင်းဌာနမှ ထုတ်ပြန်သည်)။

အမေရိကန်သမ္မတ အိုဘားမား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေစဉ်

Sunday, November 18, 2012

U.S President Obama arrival in Burma - DVB Live

                    

သမ္မတအိုဘားမား နှင့် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံး ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်ခဲ့

အမေရိကန် သမ္မတ အိုဘားမား၊ ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ရွှေတိဂုံ စေတီတော်ကို ယနေ့ မွန်းလွှဲပိုင်းက လှည့်လည် ဖူးမြော်နေစဉ်။ သမ္မတအိုဘားမား၊ ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံးမှာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်ခဲ့သည်ကိုလည်း တွေ့ရစဉ်။

7Day News Journal


ဓာတ်ပုံ- Reuters

အမေရိကန်သမ္မတ အိုဘားမား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်သို့ရောက်ရှိ



အမေရိကန်သမ္မတ အိုဘားမားသည် ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ တွင် ရန်ကုန်အပြည်ပြည်ဆိုရာ် လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါ လိုက်ပါလာခဲ့ပြီး အိုဘားမားနှင့် အဖွဲ့အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆ

ိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မီရှဲတို့ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အမေရိကန်သမ္မတ ယာဉ်တန်းအားတွေ့မြင်ရစဉ်

Thursday, November 15, 2012

အိုဘားမားက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးအမေရိကန် သမ္မတဟုတ်ရဲ့လား


ဒီရက်ပိုင်း သတင်းတွေဖတ်လိုက်ရင် အမေရိကန်သမ္မတကြီးမြန်မာပြည်လာမယ့်သတင်းက အတော်လေးရေပန်းစားနေတယ်ဘယ်နေရာကြည့်ကြည့် ဘယ်စာစောင်ဖတ်ဖတ် သမ္မတအိုဘားမား သတင်းတွေ ခရီးစဉ်အကြိုပြင်ဆင်မှုသတင်းတွေ နဲ့ ပြည့်နှက်နေပါတယ် .....ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက သမ္မတကြီးပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့.....

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ သတင်းတွေကိုကြည့်လိုက်ရင် သတင်းတော်တော်များများမှာ အမေရိကန်သမ္မတတစ်ဦးရဲ့ မြန်မာပြည်ကိုပထမဆုံးလာတဲ့ သမိုင်းဝင်ခရီးဆိုပြီးဖေါ်ပြကြတယ် ၊ နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်လာတယ်ဆိုတာမျိုးတောင်မသုံးကြတာကို သတိပြုမိတယ် .....။

တကယ်တော့ ၁၉၅၃ ခုနှစ်လောက်က သမ္မတ ဒေါက်တာဘဦး လက်ထက်မှာ အမေရိကန်သမ္မတကြီး နစ်ဆင်ဟာ သူ့ဇနီးနဲ့အတူ မြန်မာပြည်ကို အလည်အပတ်လာရောက်ခဲ့ဘူးပါတယ် လာရုံတင်မကဘူး မြန်မာအမျိုးသားဝတ်စုံကိုတောင် သမ္မတကြီးနဲ့ ဇနီးက၀တ်ဆင်သွားပါသေးတယ် ...။

ဗုဒ္ဓဘာသာနှင့် စိမ်းနေသော ကလေးငယ်များအတွက် အထူးသင့်လျော်သော စာအုပ်

ယနေ့ရင်သွေးငယ်များအတွက် ဗုဒ္ဓဘာသာအခြေခံများကို သိစေရန်ရည်ရွယ်၍ စာရေးသူက ယုံကြည်ကိုးကွယ်မှုအခန်း၊ သီလအခန်း၊ ဒါနအခန်း၊ ဘာဝနာအခန်း၊ ဗုဒ္ဓ၀င်အခန်း၊ ကံ ကံ၏အကျိုးအခန်း၊ မင်္ဂလာတရားတော်အခန်း စသည်တို့နှင့် ဂါထာမန္တန်အခန်းပါမကျန် အခြေခံမှစ၍ ရှင်းလင်းရေးသားထားသည်။ ကလေးငယ်များ အထူးသဖြင့် နိုင်ငံရပ်ခြားရှိ ဗုဒ္ဓဘာသာနှင့် စိမ်းနေသော ကလေးငယ်များအတွက် အထူးသင့်လျော်သော စာအုပ်ဖြစ်သည်။
Ref>>>https://www.facebook.com/photo.php?fbid=3537630093913
 
http://www.amyokaungtarr.com

Wednesday, November 14, 2012

Mobile Guide Issue 78 facebook

mizzimajournal1_8

mizzimajournal1_8

ဗုဒ္ဓဘာသာဝင်များလေ့လာသင့်တဲ့ ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း PDF

အိန္ဒိယတွင် ဗုဒ္ဓ၀ါဒပေါ်ထွန်းလာပုံများ၊ ဗုဒ္ဓခေတ်မတိုင်မီ ပေါ်ထွန်းခဲ့သော အယူဝါဒများ အကြောင်း၊ ဗုဒ္ဓ၀ါဒ၏ အနှစ်ချုပ် သဘောတရား၊ ဗုဒ္ဓ၀င်အကျဉ်း၊ ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အကြောင်း၊

မိုးဟေကိုက ခင်ပွန်းဟောင်းရဲ့ ကြေညာချက်ကို တုံ့ပြန်




မိုးဟေကိုနှင့် ခင်ပွန်းဟောင်း ဦးညီညီထွန်း၊ ဓာတ်ပုံ- Myanmarcelebrity.com 
Tuesday, November 13, 2012 အိမ့်သံစဉ်

နာမည်ကြီး မော်ဒယ် သရုပ်ဆောင် မိုးဟေကိုက လက်ရှိနေထိုင်နေတဲ့ သူ့အမည်နှင့် နေအိမ်ဟာ ခင်ပွန်း သည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ခင်ပွန်းဟောင်းရဲ့ အဆိုပါနေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖု
ိ့ သတင်းစာက တဆင့် တောင်းဆိုထား ပါတယ်။ 
ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ ရှေ့နေက လွန်ခဲ့သည့် လကုန်ပိုင်းက သူ့ အမည်ပေါက် နေ အိမ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံပညာရေးစနစ် ဒေါက်တာမောင်သိန်း




ဆရာကြီး ဒေါက်တာမောင်သိန်း၏ ၁၊ စက်တင်ဘာ၊ ၂၀၁၂ ရက်နေ့၊ ကုန်သည်စက်မှု အသင်းချုပ်ခန်းမတွင် ဟောပြောခဲ့သည့် “အကြီးစားပြုပြင် ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် ပညာရည်မြှင့်တင်ရေး” အကြောင်း အပြည့်အစုံကို တင်ြ
ပအပ်ပါသည်။

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီကြီး ၅၀၀ မှ အများစု မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်မြှုပ်နှံမည်၊ လက်ရှိတွင် GE, Master Card, Coca-Cola ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီငါးခု ၀င်ရောက်ပြီးဖြစ်




14mt3

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်ထိပ်တန်း ကုမ္ပဏီများစာရင်းဝင် General Electric, Master Card, Coca-Cola နှင့် Pepsi ကုမ္ပဏီတို့ လာရောက်မြှုပ်နှံ လုပ်ကိုင်လျက် ရှိပါသည်။
ဆက်လက်၍လည်း ထိပ်တန်း ကုမ္ပဏီစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများမှာ ထပ်မံဝင်ရောက်ရန် စီစဉ်နေကြောင်း၊ ယခုလတ်တလောတွင် အမေရိကန်ရှိ ကြော်ငြာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Omnicom Group မှ ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံ၌ ရေရှည်မြှုပ်နှံပါက အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ထားသည်။

Mobile မျိုးစုံ Root လုပ်နည်းနှင့်အခြေခံလိုအပ်ချက်များ


Tuesday, November 13, 2012

ဖနွမ်းပင်မြို့၌ ပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်


thn-14-11-12-5
ဖနွမ်းပင်မြို့ရှိ Peace Palace အဆောက်အဦရှေ့ရှိ အာဆီယံအမှတ်တံဆိပ်ကို ခြယ်သနေသော ကမ္ဘောဒီးယားအလုပ်သမားများအား နိုဝင်ဘာလ ၁၃ ရက်က တွေ့ရစဉ်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်မည်ဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက် နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Peace Palace  အဆောက်အအုံတွင် ပြုလုပ်မည်ဖြစ်သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား လာရောက်မည်ဖြစ်သောကြောင့် နိုင်ငံတော်သမ္မတအနေဖြင့် မည်သည့်နေ့ ရက်တွင် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ သွားရောက်မည်ဖြစ်ကြောင်းကို မသိရသေးပေ။
''အာဆီယံထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ တက်ရောက်မှာပါ။ ဘယ်နေ့မှာ ထွက်ခွာမလဲဆိုတာကိုတော့ နီးမှပဲ ထုတ်ပြန်သွားပါမယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

Sunday, November 11, 2012

WeeklyEleven-Vol-8-No-6

Easy Tethered Pro ဖြင့် PC ကို အင်တာနက် မျှသုံးနည်း (Android)




ဒါလေးကိုသုံးမယ်ဆို၇င်တော့ ကောင်းတဲ့အချက်လေးက Root လုပ်ထားစရာမလိုပါဘူး
PC နဲ့ဖုန်းနဲ့ အင်တာနက်တစ်ပြိုင်တည်းသုံးချင်တဲ့ လူတွေအတွက်ပါ ဒါပေမယ့် Connection ကတော့ အနည်းငယ်နှေးသွားနိုင်ပါတယ်။

EarthQauke.apk

ငလျင်သတိပေး ဖုန်းဆော.လ်ဝဲ Download