img.emoticon { padding: 0; margin: 0; border: 0; }

Monday, May 21, 2012

သန်းခေါင်စာရင်းကောက်ယူရာတွင် HTC ကုမ္ပဏီနှင့် စံမြန်မာတို့မှ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးပေးသွားမည်

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် HTC ကုမ္ပဏီနှင့် စံမြန်မာတို့မှ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးပေးသွားမည်ဟု သိရသည်။

''သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ HTC အနေနဲ့ ဟာ့ဒ်ဝဲပိုင်း၊ ဆော့ဖ်ဝဲပိုင်းတွေမှာ အကူအညီပေးသွားမယ်။ အခမဲ့လည်း ဖြစ်နိုင်သလို အရမ်းသက်သာတဲ့နှုန်းထားတစ်ခုနဲ့လည်း ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးနဲ့ တွေ့ဆုံတုန်းကလည်း ၀န်ကြီးက လုပ်ချင်တယ်လို့ပြောပါတယ်''ဟု HTC ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ Peter Chou (ဦးဝင်းသန်း)က ပြောကြားခဲ့သည်။

''အိမ်ထောင်စုစာရင်းအတွက် အချက်အလက်တွေကောက်တဲ့အခါ ကွန်ပျူတာစနစ်တွေကို အသုံးပြုပြီး Digitalize ပုံစံနဲ့ကောက်ခံသွားမှာပါ။ HTC က နည်းပညာပိုင်းဆိုင်ရာပံ့ပိုးသွားမှာဖြစ်ပြီး စံမြန်မာကတော့ အကောင်အထည်ဖော်တဲ့အပိုင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးလုပ်ဆောင်သွားမှာလဲဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး''ဟု စံမြန်မာမှ CEO ဦးထွန်းမြင့်က ပြောကြားခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား