img.emoticon { padding: 0; margin: 0; border: 0; }

Thursday, March 8, 2012

အစိုးရဌာန အော်တိုတယ်လီဖုန်းများ၏ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခများ ပြောင်းလဲ သတ်မှတ်လိုက်ပြီဟုဆို



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အစိုးရဌာနများအတွက် ပြည်ပနိုင်ငံများသို့

ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီဟု ပြောပါတယ်၊
အစိုးရဌာနများ အနေနဲ့ အဲဒီလို ပြည်ပနိုင်ငံ အသီးသီးကို ဖုန်းခေါ်ဆိုခများ
သတ်မှတ်ရာမှာ ယခုတိုးမြှင့် သတ်မှတ်တဲ့ နှုန်းထား အသစ်များကတော့
အစိုးရဌာနများအတွက် အာဆီယံနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊
ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၉၆၀.) ကျပ်နဲ့
ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉၆.) ကျပ်၊ အာရှတိုက် အရှေ့ပိုင်းနဲ့
တောင်ပိုင်း နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၂၀.) ကျပ်နဲ့၊
ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁၂.) ကျပ်၊ အာရှတိုက်အလယ်ပိုင်း
နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၄၄၀.) ကျပ်နဲ့၊ ထပ်တိုး (၆)
စက္ကန့်အတွက် ခေါ်ဆိုခ (၁၄၄.) ကျပ်၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိက
နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၉၂၀.) ကျပ်နဲ့၊ ထပ်တိုး (၆)
စက္ကန့်အတွက် ခေါ်ဆိုခ (၁၉၂.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ်
ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခကတော့ (၂၈၀၀) ကျပ်မှ (၅၅၆၀) ကျပ်သို့ အသီးသီး
တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ ပြောပါတယ်။

ယခုလက်ရှိ အစိုးရဌာနများ အနေနဲ့ ပြည်ပနိုင်ငံ အသီးသီးသို့

ဖုန်းခေါ်ဆိုကြရာမှာ ခေါ်ဆိုခများအဖြစ် ကျသင့်ငွေ ပေးဆောင်ကြရာမှာ
အစိုးရဌာနများ အနေနဲ့ ထိုင်းနိုင်ငံသို့ ခေါ်ဆိုရာမှာ ပထမတစ်မိနစ် ခေါ်ဆိုခ
(၆၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၆.) ကျပ်၊ ဘရုနိုင်း၊
မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ ပါကစ္စတန် နိုင်ငံများအတွက် ခေါ်ဆိုခ
ပထမတစ်မိနစ် (၇၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၇.) ကျပ်၊
အိန္ဒိယနိုင်ငံကိုတော့ ပထမတစ်မိနစ် ခေါ်ဆိုခ (၈၀.) ကျပ်နဲ့ ထပ်တိုး (၆)
စက္ကန့်အတွက် ခေါ်ဆိုခ (၈.) ကျပ်၊ နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံကိုတော့
ပထမတစ်မိနစ် ခေါ်ဆိုခ (၉၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၉.)
ကျပ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တိုင်ပေ၊ ဂျပန်၊
မြောက်ကိုရီးယား၊ လာအို၊ မကာအို၊ မော်ဒလိုက်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်
နိုင်ငံများအတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၀၀.) ကျပ်နဲ့ ထပ်တိုး (၆)
စက္ကန့်အတွက် ခေါ်ဆိုခ (၁၀.) ကျပ်၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊
တောင်ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများ အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၀.)
ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ (၁၁.) ကျပ်၊ သီရိလင်္ကာနဲ့ အင်္ဂလန်
နိုင်ငံတို့အတွက် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၂၀.) ကျပ်နဲ့ ထပ်တိုး (၆)
စက္ကန့်အတွက် ခေါ်ဆိုခ (၁၂.) ကျပ်၊ ဥရောပ၊ သြစတြေးလျ နိုင်ငံတို့အတွက်
ပထမတစ်မိနစ် ခေါ်ဆိုခ (၁၃၀.) ကျပ်နဲ့ ထပ်တိုး (၆) စက္ကန့်အတွက် ခေါ်ဆိုခ
(၁၃.) ကျပ်၊ အင်မာဆက်၊ အီရီဒီယမ် ဂြိုလ်တုဆက်ကြောင်း ခေါ်ဆိုခ ကတော့
(၁၆၀.) ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား